ရှေးဟောင်းသိုင်းစာစဥ်လို့ ဆိုလိုက်တာနဲ့ ပုံနှိပ်ခဲစာလုံးလေးတွေရဲ့ အသွင်အပြင်၊ ဝါကြန့်ကြန့် စက္ကူအရောင်အသွေးနဲ့ သိုင်းလောကထဲ ဝင်ကာစ ငယ်ဘဝ အမှတ်တရလေးတွေကို ပြန်လည် အောက်မေ့ ခံစားမိကြမှာပါ။
ဒါကြောင့် ၁၉၉၀ ပြည့်နှစ်မတိုင်မီ ထုတ်ဝေခဲ့တဲ့ ရှေးဟောင်း သိုင်းစာစဥ်တွေကို ခုနှစ်အလိုက် စာရင်းပြုစုပြီး "မရိုးနိုင်တဲ့ ရှေးဟောင်းသိုင်း စာစဥ်များ" အဖြစ် "သိုင်းလောက Page" က စုစည်းတင်ဆက်လိုက်ပါတယ်။
ဒီလို စာရင်းပြုစုတဲ့နေရာမှာ ရှေးဟောင်းသိုင်းစာစဥ်တွေရဲ့ ပုံနှိပ်မှတ်တမ်းပါ ခုနှစ်သက္ကရာဇ်၊ အကြိမ်ရေ၊ အုပ်ရေတွေကိုပဲ အတည်ပြု ထည့်သွင်းထားတာဖြစ်ပါတယ်။
ဒီစာရင်းဟာ Internet မှာ ရှာဖွေတွေ့ရှိရသမျှ စာစဥ်တချို့ကိုပဲ လက်လှမ်းမီရာ ပြုစုထားတာကြောင့် စာရင်းမှာမပါဝင်တဲ့ ရှေးဟောင်းသိုင်းစာစဥ်တွေ အများအပြား ကျန်ရှိနေဦးမှာ ဖြစ်သလို ဒီစာရင်းမှာ ပါဝင်ပေမယ့် "သိုင်းလောက Facebook Page" မှာ မတင်ရသေးတဲ့ ရှေးဟောင်းသိုင်းစာစဥ်တွေလည်း အများအပြား ကျန်ရှိပါသေးတယ်။
(Page မှာ မတင်ရသေးတဲ့ ရှေးဟောင်းသိုင်းစာစဥ်တွေကိုတော့ Page မှာ တင်ပြီးတာနဲ့ Update စာရင်း ထပ်မံတင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးဟောင်းသိုင်းစာစဥ် အတော်များများက PDF ဖိုင် မရှိသေးတာကြောင့် အားလုံးကိုတော့ တင်ပေးနိုင်မှာ မဟုတ်ပါဘူး။)
တချို့စာစဥ်တွေဟာ အသွင်အပြင်အရ ရှေးဟောင်းသိုင်းစာစဥ်မှန်း သိသာပေမယ့် ပုံနှိပ်မှတ်တမ်း စာမျက်နှာ ပျက်စီးစုတ်ပြဲနေပြီး သက္ကရာဇ် အထောက်အထား ရှာမရတဲ့အတွက် အခုစာရင်းမှာ ထည့်သွင်းနိုင်ခြင်း မရှိပါဘူး။
ခြွင်းချက်အနေနဲ့ တချို့စာစဥ်တွေဟာ ၁၉၉၀ ပြည့်နှစ်ရှေ့ပိုင်းထုတ် ရှေးဟောင်းသိုင်းစာစဥ်တွေဖြစ်ပေမယ့် "သိုင်းလောက Page" မှာ တင်ထားတဲ့ PDF စာစဥ်တွေကတော့ ပထမအကြိမ်ထုတ် မူရင်းစာအုပ်တွေ မဟုတ်တဲ့အတွက် အဲဒီလိုစာအုပ်တွေကိုတော့ အခု စုစည်းမှုမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။
ဥပမာအားဖြင့် "တက္ကသိုလ်နေလင်းအောင်" ရဲ့ ပထမဆုံးလက်ရာဖြစ်တဲ့ "နေဝန်းကျေးရွာသိုင်းကဗျာ" စာအုပ်ဟာ ၁၉၈၁ ခုနှစ်မတိုင်မီက ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပေမယ့် "သိုင်းလောက Page" မှာ တင်ထားတဲ့စာအုပ်ကတော့ နောက်ပိုင်းပြန်လည်ပုံနှိပ်ထားတဲ့ စာအုပ်သာ ဖြစ်တာကြောင့် ချန်လှပ်ထားခဲ့တာမျိုး ဖြစ်ပါတယ်။
(နောက်ပိုင်း ပြန်လည်ထုတ်ဝေတဲ့ သိုင်းစာစဥ်တွေရဲ့ ပုံနှိပ်မှတ်တမ်းပါ အချက်အလက်တွေက မမှန်ကန်တာ များပါတယ်။)
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
၁၉၇၄ - ကိုးသင်္ချိုင်းမှစိန်ခေါ်သံ (ဘုန်းကြွယ်)
၁၉၇၆ - နဂါးပတ်လမ်းကြောင်း (ဒေါ်သိန်းယဥ်)
၁၉၇၈ - လင်းယုန်မောင်မယ် (ဘုန်းကြွယ်)
၁၉၇၈ - သိန်း ၁၀၀ နှင့် သိုင်းသမား ၆၀ (တက္ကသိုလ်နေလင်းအောင်)
၁၉၇၈ - လျှို့ဝှက်သစ္စာတော်ခံ (မောင်နှင်းဆွေ)
၁၉၇၈ - သိုင်းလောကနှင့် သိုင်းသမားဘဝ (တက္ကသိုလ် ဝင်းကြွယ်)
၁၉၈၁ - သိုင်းလောကပြက်လုံး (တက္ကသိုလ် ဝင်းကြွယ်)
၁၉၈၁ - မေတ္တာနှင့်ရန်ငြှိုး (မိုးကျော်သူ)
၁၉၈၁ - သိုင်းလောက၏စိန်ခေါ်သံ (တက္ကသိုလ်နေလင်းအောင်)
၁၉၈၁ - လောဘသားကောင် (မိုးကျော်သူ)
၁၉၈၂ - ကြာပန်းတောင်ကုန်းမှ သိုင်းသမား (မောင်နှင်းဆွေ)
၁၉၈၂ - သေရွာမှပြန်လာသောမိန်းကလေး (မိုးကျော်သူ)
၁၉၈၂ - ကျောက်စိမ်းရဲတိုက်သခင်နှင့် လျှို့ဝှက် မာယာရှင် (တက္ကသိုလ်နေလင်းအောင်)
၁၉၈၂ - သစ္စာရင်ခွင်သို့အပြန် (စိုးမောင်မောင်)
၁၉၈၂ - ရွှေဆံထိုးဝင်္ကပါ (ရဲမာန်အောင်)
၁၉၈၂ - သေမင်းတမန်နှင့် သက်တန့်ရောင်ဖြာဓါး (ရဲယဥ်အောင်)
၁၉၈၂ - အရိပ်ပမာ မိစ္ဆာအန္တရာယ် (သန်းမြင့်ဦး)
၁၉၈၂ - ရှောင်လင်မြွေဆိုး (သန်းမြင့်ဦး)
၁၉၈၂ - မာယာမင်းသမီး (တက္ကသိုလ်ဝင်းကြွယ်)
၁၉၈၃ - ပုလဲအမိန့်ရှာပုံတော် (စိုးမောင်မောင်)
၁၉၈၃ - ဝိညာဥ်မဲ့ဓါး (တက္ကသိုလ် နေလင်းအောင်)
၁၉၈၃ - အားမာန်လှိုင်းနှင့် ဓါးမြန်သိုင်း (တက္ကသိုလ်ဝင်းကြွယ်)
၁၉၈၃ - နှင်းလူသိုင်းသမားနှင့် ဧကရာဇ်သမီးတော် (ရဲမာန်အောင်)
၁၉၈၃ - သွေးနဂါးနှင့် နှစ်တရာက ပန်းကန်ကွဲ (မိုးကျော်သူ)
၁၉၈၃ - ရွှေကျားရဲတိုက် (နန္ဒကျော်သူ)
၁၉၈၃ - မြစိမ်းရောင်နဂါး (စိုးမောင်မောင်)
၁၉၈၃ - တရားလမ်းမှန် သံမဏိဓါး (စိုးမောင်မောင်)
၁၉၈၃ - အချစ်နှလုံး အမုန်းပုစ္ဆာ (စိုးမောင်မောင်)
၁၉၈၃ - သိုင်းလုလင်၏ ခရီးစဥ် (စိုးမောင်မောင်)
၁၉၈၃ - ရွှေကြာသုံးထပ် တောင်ကလပ် (စိုးမောင်မောင်)
၁၉၈၃ - ကျောက်စိမ်းရုပ်တု၏ လျှို့ဝှက်ချက် (မေနှင်းဆွေ)
၁၉၈၃ - ရွှေမီးအိမ်သိုင်း (တက္ကသိုလ် နေမင်းနိုင်)
၁၉၈၃ - ပိုလိုငွေဒင်္ဂါး အရှုပ်တော်ပုံ (ကျော်ကျော်ဆွေ)
၁၉၈၄ - သေခြင်းတရား၏ ရွှေဒင်္ဂါး (တက္ကသိုလ် နေလင်းအောင်)
၁၉၈၄ - ရွှံ့ဗွက် (မောင်နှင်းဆွေ)
၁၉၈၄ - အညတရသိုင်းသမားနှင့် လျှို့ဝှက်အုတ်ဂူ (မိုးကျော်သူ)
၁၉၈၄ - ကျောက်စရစ်အသည်း သိုင်းသမား (ဘုန်းကြွယ်)
၁၉၈၄ - အဏ္ဏဝါကျွန်း သခင်မ (စိုးမောင်မောင်)
၁၉၈၄ - မြို့သာယာမှ သိမ်းငှက်ဖမ်းပွဲ (စိုးမောင်မောင်)
၁၉၈၄ - သိုင်းသမားသား (စိုးမောင်မောင်)
၁၉၈၄ - မာယာဧကရီ (စိုးမောင်မောင်)
၁၉၈၄ - နဂါးမင်းဓါးနှင့် ကျောက်စိမ်းကျား (စိုးမောင်မောင်)
၁၉၈၄ - သစ္စာဓါးနှင့် စက္ကူမြား (စိုးမောင်မောင်)
၁၉၈၄ - ထိုက်ကျိဓါး (စိုးမောင်မောင်)
၁၉၈၄ - သိုင်းလုလင်နှင့် လျှို့ဝှက်မိန်းကလေး (စိုးမောင်မောင်)
၁၉၈၄ - သိုင်းလောက၏သရဖူ (မေနှင်းဆွေ)
၁၉၈၄ - မြင်းတရာပန်းချီကား (မေနှင်းဆွေ)
၁၉၈၄ - သိုင်းသမားသစ္စာ (မေနှင်းဆွေ)
၁၉၈၄ - မိစ္ဆာကိုးယောက် (တက္ကသိုလ် နေမင်းအောင်)
၁၉၈၄ - မဟူရာပျားလူသိုင်းနှင့် လူထူးဆန်းဂူ (သန်းမြင့်ဦး)
၁၉၈၄ - အသည်းအသည်းချင်း ဓါးဓါးချင်း (သန်းမြင့်ဦး)
၁၉၈၄ - သံမဏိယပ်တောင် (တက္ကသိုလ် နေဝင်းအောင်)
၁၉၈၄ - မိုးယက္ခဒေဝီ (တက္ကသိုလ် ဝင်းကြွယ်)
၁၉၈၄ - မိစ္ဆာသင်္ချိုင်းမှ စိန်ခေါ်သံ (တက္ကသိုလ် ဝင်းကြွယ်)
၁၉၈၄ - သစ်သားဓါး နှင်းဓါး လိပ်ပြာဓါး (တက္ကသိုလ်နေလင်းအောင်)
၁၉၈၄ - သံသေဓါး (ဇာနည်ဘွား)
၁၉၈၄ - ချယ်ရီနီ (နန္ဒကျော်သူ)
၁၉၈၅ - ကြာပန်းမာလာ သစ္စာသိုင်းသမား (မောင်နှင်းဆွေ)
၁၉၈၅ - ချစ်ငြှိုးရစ်သီ သိုင်းမြေမဟီ (ဝဏ္ဏအောင်)
၁၉၈၅ - ခြောက်ဆယ့်လေးချက် ရွှေသိုင်းကွက် (တက္ကသိုလ် နေလင်းအောင်)
၁၉၈၅ - တိမ်ကြားက စိန်ဓါး (ဝဏ္ဏအောင်)
၁၉၈၅ - ဓါးညီနောင် (တက္ကသိုလ် သီဟအောင်)
၁၉၈၅ - သစ်သားဓါး (တက္ကသိုလ်နေဝင်းအောင်)
၁၉၈၅ - ရွှေဟင်္သာမဟူရာဓါး (ရဲမာန်အောင်)
၁၉၈၅ - ထင်းရှူးတောမှ ပလွေသံ (မောင်နှင်းဆွေ)
၁၉၈၅ - မိုးနှင်းဓါး (စိုးမောင်မောင်)
၁၉၈၅ - မရဏသွေးရထား (ဝဏ္ဏအောင်)
၁၉၈၅ - ဂမုန်းနက်ဒေဝီနှင့် ကျောက်မြတ်လှံပျံ (ရဲမာန်အောင်)
၁၉၈၅ - အဆိပ်သခင်မာယာရှင် (မိုးကျော်သူ)
၁၉၈၅ - သွေးသောက်ရဲဘော် သိုင်းအမော် (စိုးမောင်မောင်)
၁၉၈၅ - အတုံ့အလှည့် (စိုးမောင်မောင်)
၁၉၈၅ - ယက္ခဓါး၏ရန်စွယ် (စိုးမောင်မောင်)
၁၉၈၅ - သိုင်းလောက ဝင်္ကပါ (စိုးမောင်မောင်)
၁၉၈၅ - ကြယ်တံခွန်ဓါးသမား (စိုးမောင်မောင်)
၁၉၈၅ - အရိပ်မဲ့တစ္ဆေလက်သီးသိုင်း (စိုးမောင်မောင်)
၁၉၈၅ - အလှဟန်ကြွယ် သိုင်းမာန်စွယ် (မေနှင်းဆွေ)
၁၉၈၅ - ပုလဲမြင်းရုပ်နှင့် ဝံပုလွေသိုင်း (မေနှင်းဆွေ)
၁၉၈၅ - ယက္ခရဲတိုက် (မေနှင်းဆွေ)
၁၉၈၅ - ကိုယ်ရံတော် နံပါတ်တစ် (မေနှင်းဆွေ)
၁၉၈၅ - မရဏလိုဏ်ဂူနှင့် ချယ်ရီပန်းပွင့်သိုင်းဧကရီ (မေနှင်းဆွေ)
၁၉၈၅ - မိုးပြာဓါး (မေနှင်းဆွေ)
၁၉၈၅ - ရန်နှိမ်သိုင်း(တက္ကသိုလ် နေမင်းနိုင်)
၁၉၈၅ - သစ္စာမဲ့သေ ာမိန်းကလေးနှင့် သစ္စာရှိသော ဓါးသမား (သန်းမြင့်ဦး)
၁၉၈၅ - ခွေးဘီလူးငါးဖော် (သန်းမြင့်ဦး)
၁၉၈၅ - ဘီလူးပန်းစစ်ဆင်ရေး (နေမင်းအောင်)
၁၉၈၅ - မေတ္တာ ဝင်္ကပါ သံသရာ (ဇော်ဝင်းနိုင်)
၁၉၈၅ - သံမဏိကွန်ချာ ဓါးမယာ (ဘုန်းကြွယ်)
၁၉၈၅ - ရွှေစင်ရုပ်တု၏ လျှို့ဝှက်ချက် (တက္ကသိုလ် သီဟအောင်)
၁၉၈၅ - မရဏသံလက်ဝါးနှင့် ခြေစကြာသိုင်းသမား (တက္ကသိုလ် နေဝင်းအောင်)
၁၉၈၅ - မာယာရှင်၏ အဆိပ်နိဂုံး (ဝဏ္ဏအောင်)
၁၉၈၅ - ဝတ်ရုံနီဂိုဏ်း၏ သွေးသံသရာ (တက္ကသိုလ် နေလင်းအောင်)
၁၉၈၅ - သိုင်းလောက၏ အရှင်သခင် (အောင်မိုးဟိန်း)
၁၉၈၅ - သိုင်းကညာ ခုနစ်ဖော် (ဘုန်းကြွယ်)
၁၉၈၅ - အရှင်သခင် သိုင်းဘုရင် (မောင်နှင်းဆွေ)
၁၉၈၅ - မျောက်မင်းရာဇာသိုင်းသမား (မေနှင်းဆွေ)
၁၉၈၅ - ချစ်ငြှိုးရစ်သီ သိုင်းမြေမဟီ (ဝဏ္ဏအောင်)
၁၉၈၅ - နံ့သာဖြူပုရပိုက် သိုင်းကျမ်းမြတ်အန္တရာယ် (ဘုန်းကြွယ်)
၁၉၈၅ - ဓါးသူဇာ၏ ချစ်ကံကြမ္မာ (တက္ကသိုလ် ဝင်းကြွယ်)
၁၉၈၅ - နဂါးနှင်းဆီ ကျားနှင်းဆီ (ရဲယဥ်အောင်)
၁၉၈၆ - သစ္စာ သတ္တိ သမာဓိ (မောင်နှင်းဆွေ)
၁၉၈၆ - နဂါးစိမ်းတောင်သခင်မ (ရဲမာန်ဟုန်)
၁၉၈၆ - မေတ္တာလမ်းမှ ဓါးဧည့်သည် (တက္ကသိုလ် ဘုန်းကြွယ်)
၁၉၈၆ - ချစ်သွေးသစ္စာ (ဝဏ္ဏအောင်)
၁၉၈၆ - ကြမ္မာရဟတ် သွေးစက်သက်သေ (ဝဏ္ဏအောင်)
၁၉၈၆ - မိစ္ဆာရန်စွယ် (တက္ကသိုလ် သီဟအောင်)
၁၉၈၆ - ဝိညာဥ်ပျောက် အိပ်မက်ဓါး (တက္ကသိုလ် နေဝင်းအောင်)
၁၉၈၆ - သွေးနဂါးအမိန့် (တက္ကသိုလ် သီဟအောင်)
၁၉၈၆ - သွေးပန်းနီနီ သိုင်းဒေဝီ (ရဲမာန်အောင်)
၁၉၈၆ - အရိပ်မဲ့ဓါး (ရဲမာန်အောင်)
၁၉၈၆ - မိုးရောင်ခြည်ဓါးနှင့် မှော်စောင်းရှင် (ရဲမာန်အောင်)
၁၉၈၆ - သံမဏိကိုယ်ပွား မြွေဟောက်ဓါး (စိုးမောင်မောင်)
၁၉၈၆ - သက်စောင့်စွမ်းအား မီးလျှံဓါး (စိုးမောင်မောင်)
၁၉၈၆ - မီးလျှံလက်ဝါး မီးလျှံဓါး (စိုးမောင်မောင်)
၁၉၈၆ - သိုင်းဟန်ကြွယ်ကြွယ် လှနတ်မယ် (မေနှင်းဆွေ)
၁၉၈၆ - သွေးနှင်းပွင့် (တက္ကသိုလ် ဘုန်းကြွယ်)
၁၉၈၆ - ထီးကျိုး စည်ပေါက် ဒူးမထောက် (တက္ကသိုလ် သီဟအောင်)
၁၉၈၆ - ထင်းစန်းတောင်မှ သိုင်းသမား (ဝဏ္ဏအောင်)
၁၉၈၆ - လူဝံမလေး မှုံလေးစီ (ဝဏ္ဏအောင်)
၁၉၈၆ - သတ်မိန့်သခင် မြွေဘုရင် (ဝဏ္ဏအောင်)
၁၉၈၆ - ရုပ်တုတထောင်ဂူနှင့် ယက္ခသုံးဖော် (တက္ကသိုလ်ဝင်းကြွယ်)
၁၉၈၆ - မိုးနဂါးနှင့် မျက်လေးလုံးရှင် (တက္ကသိုလ်ဝင်းကြွယ်)
၁၉၈၆ - ကိုယ်ကျိုးစွန့်သိုင်းသမား (နေမင်းနိုင်)
၁၉၈၇ - ဆူးကျားသစ် (မောင်နှင်းဆွေ)
၁၉၈၇ - နဂါးမယ်ခုနစ်ဖော် (ဘုန်းကြွယ်)
၁၉၈၇ - မြေခွေမိုးပျံသိုင်းအားမာန် (ဝဏ္ဏအောင်)
၁၉၈၇ - သိုင်းပညာမတတ်သော သိုင်းသမား (မိုးကျော်သူ)
၁၉၈၇ - အချစ်သခင် သိုင်းဘုရင် (စိုးမောင်မောင်)
၁၉၈၇ - ရန်ပယ်ဓါး (တက္ကသိုလ် ဝင်းကြွယ်)
၁၉၈၇ - မျိုးဆက်အမွေ (ဘုန်းကြွယ်)
၁၉၈၇ - မိုးကုပ်စက်ဝိုင်း ရန်နှိမ်သိုင်း (တက္ကသိုလ်ဝင်းကြွယ်)
၁၉၈၈ - ကြေးပြားလင်္ကာ သိုင်းကဗျာ (နန္ဒကျော်သူ)
၁၉၈၈ - အတ္တသားကောင် သိုင်းထွဋ်ခေါင် (ဝဏ္ဏအောင်)
၁၉၈၈ - သေရွာပြန်ဓါးသမား၏ လွမ်းဝိညာဥ် (ဝဏ္ဏအောင်)
၁၉၈၈ - စာမဲ့သိုင်းကျမ်း (ဝဏ္ဏအောင်)
၁၉၈၈ - ချမ်းစိမ့်ကြယ်သခင်မလေး (ရဲမာန်အောင်)
၁၉၈၈ - ဇာတိမာန် သိုင်းအကျော် (မောင်နှင်းဆွေ)
၁၉၈၈ - ကျားလက်သဲသိုင်းသမား (တက္ကသိုလ်ဝင်းကြွယ်)
၁၉၈၈ - နေလမင်းသား သိုင်းသမား (ဘုန်းကြွယ်)
၁၉၈၉ - ဆန်းကြယ်စောင်းရှင်နှင့် ရွှေချိတ်ဓားသခင် (မောင်နှင်းဆွေ)
၁၉၈၉ - ငွေပုလွေနှင့် လေတိမ်ချိုင်းထောက်သိုင်း (ရဲမာန်အောင်)
၁၉၈၉ - နတ်မိုးကြိုးတောင် ဓါးသခင်မ (မောင်နှင်းဆွေ)
၁၉၈၉ - သိုင်းလောက၏ဦးသျှောင်နှင့် သူရဲကောင်း တစ်ထောင် (မောင်နှင်းဆွေ)
၁၉၈၉ - ခွန်လွန်သံဟင်္သာဓါး (မောင်နှင်းဆွေ)
၁၉၈၉ - ဒေါင်းစိမ်းနှင့် ကျောက်စိမ်းကြေးအိုး (မောင်နှင်းဆွေ)
၁၉၈၉ - ဒေါင်းမင်းတောင်ကြား လျှို့ဝှက်ချက် (မောင်နှင်းဆွေ)
၁၉၈၉ - ဘီလူးလက်ဝါး သံလက်ဝါး (နန္ဒကျော်သူ)
၁၉၈၉ - မိုးနဂါးနှင့် ပျံလွှားဓါး (နန္ဒကျော်သူ)
၁၉၈၉ - ဆုမြတ်သုံးလီ သိုင်းဟန်ချီ (မိုးကျော်သူ)
၁၉၈၉ - မိုးကြိုးလက်နက် ဓါးစက်ကွင်း (ရဲယဥ်အောင်)
၁၉၈၉ - ဓါးကျိုးကောင်းရှန် (တက္ကသိုလ် သီဟအောင်)
၁၉၈၉ - ဝိသမမာယာ သိုင်းပဒေသာ (တက္ကသိုလ် သီဟအောင်)
၁၉၈၉ - ယက္ခဓါး (တက္ကသိုလ် သီဟအောင်)
၁၉၈၉ - တုံ့တင်ရန်ကြွေး သိုင်းရင်သွေး (တက္ကသိုလ် သီဟအောင်)
၁၉၈၉ - ဝင်္ကပါကြားမှ ကကြိုးဓါး (ဝဏ္ဏအောင်)
၁၉၈၉ - ကန္တာရမြေခွေး (ဝဏ္ဏအောင်)
၁၉၈၉ - မေတ္တာမဲ့ လျှပ်စီးဓါး (ဝဏ္ဏအောင်)
၁၉၈၉ - ရွှေနားကွင်းနှင့် သွေးချင်းရန်သူ (ဝဏ္ဏအောင်)
၁၉၈၉ - ချစ်သွေးချစ်ဓါး (ဝဏ္ဏအောင်)
၁၉၈၉ - မိုးထိတောင် သခင်မ (ဝဏ္ဏအောင်)
၁၉၈၉ - ဧကရာဇာသိုင်းသမား (တက္ကသိုလ်နေလင်းအောင်)
၁၉၈၉ - ရွှေစင်အရိုးစုနှင့် ပန်းတစ်ရာတောင်ကြား (နန္ဒကျော်သူ)