မိဘမဲ့သားလေး "ဆူးကျားသစ်" ဟာ ဦးလေးဖြစ်သူရဲ့ နှိပ်စက်မှုကြောင့် အိမ်ကထွက်ပြေးလာရင်း "ကြယ်ပြာဘိုးဘိုး" ရဲ့ ကယ်တင်သင်ကြားပေးခဲ့တဲ့အတွက် သိုင်းပညာ အနည်းအကျဥ်း တတ်မြောက်လာခဲ့ပါတယ်။
အဲဒီနောက် "ဆူးကျားသစ်" တစ်ယောက် သိုင်းလောကထဲ ကျင်လည်ရင်း တွေ့ဆုံရင်းနှီးခဲ့တဲ့ မိန်းကလေး "သစ်ရွက်လိပ်ပြာ" က သိုင်းသင်ပေးခဲ့တဲ့အတွက် သိုင်းပညာအဆင့် ပိုမြင့်မားလာခဲ့သလို "သွေးနီတောင်" က ပညာသင်ဘက် ၃ ဦးဖြစ်တဲ့ "ကျွဲနက်သိုင်းဝိဇ္ဇာ"၊ "သွေးနက်ဝံပုလွေ"၊ "တိမ်ပျံဓါး" တို့ဆီက ပညာအမွေရခဲ့တာကြောင့် အချိန်တိုအတွင်းမှာ ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ဖခင်ရဲ့ ခွင့်ပြုချက်မရဘဲ သိုင်းပညာခိုးသင်ပေးခဲ့မိတဲ့အတွက် အိမ်ကထွက်ပြေးလာရတဲ့ "သစ်ရွက်လိပ်ပြာ" နဲ့ "ဆူးကျားသစ်" တို့ သံယောဇဉ် ဖြစ်သွားခဲ့ကြပြီး "သစ်ရွက်လိပ်ပြာ" ကို လက်ဆောင်ပေးဖို့ "ဓါးပလွေဂိုဏ်း" က "ပလွေ"၊ "သွေးစကြာဂိုဏ်း" က "ရတနာဓါး" နဲ့ ခရမ်းရောင်သခင်ကြီး ရဲ့ "တံဆိပ်တုံး" ကို "ဆူးကျားသစ်" က လုယူမိတာကြောင့် သိုင်းလောကမှာ ရန်ငြိုးရန်စ များလာခဲ့ပါတယ်။
ငယ်စဥ်ကတည်းက စာပေမသင်ကြားခဲ့ရဘဲ ဖိနှိပ်မှုပေါင်းစုံနဲ့ ကြီးပြင်းလာခဲ့ရသူ ဆူးကျားသစ်ဟာ သိုင်းပညာ အဆင့်မြင့်မားလာချိန်မှာ အဆင်ခြင်မဲ့ လုပ်ကိုင်မိခဲ့ပေမယ့် "သစ်ရွက်လိပ်ပြာ" ရဲ့ ထိန်းကျောင်းပေးမှု၊ "တိမ်မည်း"၊ "လပြည့်ဝန်း"၊ "မိုးပွင့်မမ"၊ "နှင်းပွင့်မမ"၊ "ဗေဒင်သုံးဖော်"၊ "နှလုံးလှ ဖိုးဖိုး"၊ "မျက်လုံးနက်"၊ "လူမုဆိုး" စတဲ့ မိတ်ဆွေကောင်းတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် လူကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီး ဒုစရိုက်သမား "နှင်းသောက်ကျား" ကို နှိမ်နင်းခဲ့ပါတယ်။
ဒါပေမဲ့ "ပလွေ"၊ "ရတနာဓါး" နဲ့ "တံဆိပ်တုံး" တို့ကို လုယူခဲ့တဲ့ အပြစ်ရှိနေတာကြောင့် သိုင်းလောက နာယကကြီး ၆ ဦး က "ဆူးကျားသစ်" ကို ရာသီဥတု အလွန်ဆိုးးဝါးတဲ့ နှင်းတောင်တန်းက "သေမင်းတောင်ခေါင်း" မှာ ပြစ်ဒဏ်ချခဲ့ကြပြီး "သစ်ရွက်လိပ်ပြာ" တို လူစုကလည်း "ဆူးကျားသစ်" အစာရေစာ ပြတ်တောက်မသွားအောင် ကူညီပေးခဲ့ကြပါတယ်။
ကံကောင်းထောက်မစွာ "ဆူးကျားသစ်" တစ်ယောက် "နှင်းမယ်တော်ကြီး" နဲ့ ဆုံတွေ့မိပြီး သူမမြင်တွေ့လိုက်ရတဲ့ မိဘတွေရဲ့အကြောင်းနဲ့ မိဘတွေကို သတ်ဖြတ်သွားတဲ့ မဟူရာဓါးသမား အကြောင်း သိလိုက်ရတဲ့အခါ ... ။
📚 ၄ အုပ်တွဲ