သူဌေးကြီး "စုံအူဖိန်" ထံမှာ နှိပ်စက်ညှဥ်းပမ်း ခိုင်းစေခံနေရတဲ့ တကောင်ကြွက် အလုပ်ကြမ်းသမားလေး "စိန်စင်းရှု" ကို ရွှေချိတ်ဓါးရှင် သိုင်းဘုရင် "ကူချိန်ဖုန်း" က ကယ်တင်စောင့်ရှောက်ပြီး သိုင်းပညာသင်ပေးကာ တချိန်က ရန်သူတော်ကြီးတွေဖြစ်ခဲ့တဲ့ သိုင်းဂိုဏ်း ၉ ဂိုဏ်းကို လက်စားချေဖို့ တာဝန်ပေးခဲ့ပါတယ်။
"စိန်စင်းရှု" သိုင်းလောကထဲ ရောက်လာချိန်မှာ ငယ်စဥ်ကတည်းက သံယောဇဥ်တွယ်ခဲ့ရသူ၊ စိတ်ဝေဒနာရှင်ဖြစ်နေရှာတဲ့ "စုံချွေရိ" နဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတာကြောင့် ဆေးကုသပေးဖို့ အခက်အခဲဖြစ်နေစဥ် "ကြာပန်းကျွန်းရှင်" ရဲ့သမီး ပတ္တမြားမယ် "လင်ဝှေ့လန်" က "စုံချွေရိ" ကို ခေါ်ဆောင်ပြီး ဆေးကုသပေးခဲ့ရာက နောက်ပိုင်းမှာ "စိန်စင်းရှု" နဲ့ "လင်ဝှေ့လန်" တို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
"စိန်စင်းရှု" ဟာ ဆရာ့ရဲ့ တာဝန်ပေးချက်အတိုင်း "ရှောင်လင်ကျောင်း" ကို ပထမဆုံး လက်စားချေနိုင်ခဲ့ပြီးနောက် သိုင်းလောကသားတိုင်း လိုချင်မက်မောကြတဲ့ "ဟိုစိုဝူး" အသက်တစ်ထောင်ဆေးမြစ်ကို မမျှော်လင့်ဘဲ ရခဲ့တဲ့အတွက် ဆေးမြစ်ကို လိုချင်တဲ့ "ဟိုကွမ်းမင်" ရဲ့ အကောက်ကြံမှုကို ခံခဲ့ရပေမယ့် "ကြာပန်းကျွန်းရှင်" က ကယ်တင်ပေးခဲ့ပြီး "ဂိုဏ်းကြီး ၉ ဂိုဏ်း" နဲ့ "စိန်စင်းရှု" တို့ ရင်ဆိုင်အတွေ့မှာတော့ ... ။
(အပိုင်းတစ်ခုစီမှာ ခေါင်းစဥ်တစ်ခုစီပေးလေ့ရှိတဲ့ ရှေးဟောင်း သိုင်းစာစဥ်တွဲတွေရဲ့ ထုံးစံအတိုင်း "ဆန်းကြယ်စောင်းရှင်နှင့် ရွှေချိတ်ဓါးသခင်" စာစဥ်တွဲမှာ "ဆန်းကြယ်စောင်းရှင်နှင့် ရွှေချိတ်ဓါးသခင်"၊ "ကြာပန်းကျွန်းရှင် ပတ္တမြားသခင်မ"၊ "ရွှေချိတ်ဓါးစောင်းသမားနှင့် ထူးဆန်းပုလွေသံရှင်" နဲ့ "သိုင်းကိုးသိုင်း ဂိုဏ်းကိုးဂိုဏ်း" ဆိုတဲ့ အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။)
📚 ၈ အုပ်တွဲ