"သိုင်းလောကပြက်လုံး " ဟာ ၁၉၆၇ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ တရုတ်စာရေးဆရာ "ကျင်းယုံ" ရဲ့ လက်ရာ သိုင်းဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မူရင်းဝတ္ထုအမည်က "အပြုံးမပျက်တဲ့ သိုင်းတေလေ" (The Smiling, Proud Wanderer) ဖြစ်ပါတယ်။
ရှေးဟောင်း သိုင်းစာစဥ်တွဲတွေရဲ့ ထုံးစံအတိုင်း အပိုင်းတစ်ခုစီမှာ ခေါင်းစဥ်တစ်ခုစီပေးထားပြီး "သိုင်းလောကပြက်လုံး" စာစဥ်တွဲမှာတော့ "မိစ္ဆာရှင်းဓါးနှင့် နဂါးနိုင်လက်ဝါး (ပ+ဒု)"၊ ပန်းနေကြာနှင့် ခရမ်းရောင်ခြည်သိုင်းသမား(ပ+ဒု)" နဲ့ "သိုင်းလောကပြက်လုံး (ပ+ဒု) တို ပါဝင်ပါတယ်။
ဒီဝတ္ထုဟာ ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ်လည်း အောင်မြင်ခဲ့ပြီး ၁၉၇၈ ခုနှစ် ကနေ ၂၀၁၈ ခုနှစ်အတွင်း ရုပ်ရှင် ၄ ကားနဲ့ တီဗွီရုပ်သံဇာတ်လမ်းတွဲ ၈ တွဲ ထွက်ရှိခဲ့ရာမှာ "သိုင်းလောက၏ စိန်ခေါ်သံ" လို အမည်ပေးထားတဲ့ ၂၀၀၁ ခုနှစ်ထွက် "Laughing in the Wind" ဇာတ်လမ်းတွဲထဲက ဇာတ်လိုက်ကျော် "လင့်ဟူချုံး" နဲ့ "လိမ့်ယဥ်ယဥ် (နတ်ကလျာ)" ကိုတော့ သိုင်းလောကသားတွေ ကောင်းကောင်း သိကြပါလိမ့်မယ်။
("တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "သိုင်းလောကပြက်လုံး" ၁၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်းတူပြီး ရေးဟန်ပဲ ကွဲပြားတဲ့ နောက်ထပ်သိုင်းစာစဥ်တစ်ခုက "တက္ကသိုလ် နေလင်းအောင်" ရဲ့ "သိုင်းလောက၏ စိန်ခေါ်သံ" ၈ အုပ်တွဲ သိုင်းစာစဥ် ဖြစ်ပါတယ်။ "သိုင်းလောက၏စိန်ခေါ်သံ" ရော၊ "သိုင်းလောကပြက်လုံး" ပါ ၁၉၈၁ ခုနှစ်၊ မေလ မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်)
📚 ၁၂ အုပ်တွဲ