ပထွေးရဲ့ နှိပ်စက်မှုအောက်မှာ ကြီးပြင်းလာတဲ့ "ပိုင်ရုံရင်" ဟာ အိမ်ကိုစွန့်ခွာထွက်လာရင်း ဒဏ်ရာရနေတဲ့ လူဆန်းကြီး "ဝံပုလွေနက် ချင်လီ" နဲ့ဆုံတွေ့မိပြီး ထူးချွန်တဲ့ သိုင်းသမားဖြစ်လာခဲ့ပါတယ်။
"ပိုင်ရုံရင်" ဟာ ငယ်စဥ်ဘဝ နာကျည်းချက်တွေနဲ့ အပြောအဆို မာကျောခက်ထန်လွန်းတာကြောင့် လူဆိုးတစ်ယောက်အဖြစ် သိုင်းလောကမှာ နာမည်ပျက်နေခဲ့စဥ်မှာ မိန်းမလှကလေး "ဝူချင်ဖိန်" ကို တွေ့မြင်မိပြီး ချစ်စိတ်ဝင်ခဲ့ပါတယ်။
ဒါကြောင့် "ပိုင်ရုံရင်" ဟာ "ဝူချင်ဖိန်" ကို ဖမ်းဆီးပြီး အကျယ်ချုပ်ထားခဲ့တဲ့အတွက် "ဝူချင်ဖိန်" ရဲ့ ခင်ပွန်းလောင်း "လုံရင်ဖူ" က ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ "ပိုင်ရုံရင်" ကို မယှဥ်နိုင်ဘဲ ဒဏ်ရာရသွားခဲ့ပြီး "ပိုင်ရုံရင်" ကို တဖက်သတ်ချစ်နေတဲ့ "ဟားရှောင်မျှင်" က ကယ်တင် ကုသပေးနေစဥ် "လုံရင်ဖူ" က "ဟားရှောင်မျှင်" ကို ချစ်မိသွားခဲ့တာကြောင့် သူတို့ ၄ ဦးကြားက ရှုပ်ထွေးလာတဲ့ မေတ္တာဇာတ်လမ်းဟာ ... ။
📚 ၄ အုပ်တွဲ