မန်ချူးခေတ်နှောင်းပိုင်းကာလ၊ အုပ်ချုပ်ရေးဖရိုဖရဲ ဖြစ်နေချိန်မှာ သေမင်းအော် "လင်းဝှမ်ကျုံး" ခေါင်းဆောင်တဲ့ "မိစ္ဆာနက်ဂိုဏ်း" ဟာ နယ်စပ်ဒေသက တိုင်းသူပြည်သားတွေအပေါ် လုယက်တိုက်ခိုက်နေတဲ့ ဓါးပြဂိုဏ်း ဖြစ်ပါတယ်။
"မိစ္ဆာနက်ဂိုဏ်း" ရဲ့ ခေါင်းဆောင် "လင်းဝှမ်ကျုံး" နဲ့ ဒုတိယခေါင်းဆောင်က "အဲ့နန်" တို့ဟာ ဆိုးသွမ်းမှုမှာ ခံယူချက်တူညီကြပေမယ့် "လင်းဝှမ်ကျုံး" ရဲ့ မွေးစားသားဖြစ်သူ တတိယခေါင်းဆောင် "ကျန်းရွှင်ချောင်" ကတော့ မိဘရင်း ခြင်္သေ့မင်း "ကျန်းဆွန်ဟွ" နဲ့ ငွေကြယ်သခင်မ "လင်ရှီကွန်း" တို့ရဲ့ မျိုးဆက်သွေးဖြစ်တာနဲ့အညီ မကောင်းမှုကို ရွံမုန်းသူ ဖြစ်ပါတယ်။
ဒါကြောင့် "ကျန်းရွှင်ချောင်" ဟာ "မိစ္ဆာနက်ဂိုဏ်း" ရဲ့ ဓါးပြမှုတိုင်းမှာ ပါဝင်လေ့မရှိဘဲ လက်ရှောင်နေခဲ့ပေမယ့် "ပိုင်ကျန်းမြို့" က ရတနာပစ္စည်းတွေကို လုယက်တိုက်ခိုက်မယ့်ကိစ္စမှာတော့ မလွှဲမရှောင်သာ ပါဝင်ခဲ့ရပြီး မိစ္ဆာနက်ဂိုဏ်းသား "ချင်းကန်" နဲ့အတူ စုံစမ်းထောက်လှမ်းဖို့ တာဝန်ယူခဲ့ရပါတယ်။
"ကျန်းရွှင်ချောင်" နဲ့ "ချင်းကန်" တို့ဟာ "ပိုင်ကျန်းမြို့" က "မိုးနတ်မယ်စားသောက်ဆိုင်" မှာ တည်းခိုနေထိုင်ရင်း သတင်းစုံစမ်းနေစဥ် စားသောက်ဆိုင်ပိုင်ရှင် "ကျုံးခွေ" ရဲ့သမီး "လင်းလီလီ" ကို "ချင်းကန်" က အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့အတွက် "ကျန်းရွှင်ချောင်" က ဝင်ရောက်ကာကွယ်ပေးခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ကြောင့် "ကျန်းရွှင်ချောင်" နဲ့ "လင်းလီလီ" တို့ ပိုမိုရင်းနှီးသွားခဲ့ကြပေမယ့် "ချင်းကန်" ကတော့ အခဲမကြေဖြစ်သွားခဲ့ပြီး "မိစ္ဆာနက်ဂိုဏ်း" က "ပိုင်ကျန်းမြို့" ကို ဓါးပြတိုက်ပြီး အပြန်မှာ "လင်းလီလီ" ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒါပေမဲ့ "ကျန်းရွှင်ချောင်" က တွေ့မြင် တားဆီးခဲ့တဲ့အတွက် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာမှာ "ချင်းကန်" သေဆုံးသွားခဲ့သလို "ကျန်းရွှင်ချောင်" လည်း လုံခြုံရေးမှူး "လျှံစွမ်း" ဦးဆောင်တဲ့ "ပိုင်ကျန်းမြို ကာကွယ်ရေးအဖွဲ့" ရဲ့ မြားချက်ထိမှန်ပြီး "ပိုင်ကျန်းမြို့" ထဲမှာပဲ ပုန်းကွယ်ကျန်ရစ်ခဲ့ပါတယ်။
မြားဒဏ်ရာနဲ့သတိလစ်နေတဲ့ "ကျန်းရွှင်ချောင်" ကို "လင်းလီလီ" က လျှို့ဝှက်ကုသပေးခဲ့ပြီး ဒုစရိုက်ဂိုဏ်းကို စွန့်ခွာဖို့ဖြောင်းဖျ နားချခဲ့တာကြောင့် "ကျန်းရွှင်ချောင်" တစ်ယောက် အလင်းဝင်လာခဲ့ပေမယ့် တစ်ဖက်မှာလည်း ရတနာပစ္စည်းအတုတွေသာ ရသွားခဲ့တဲ့ "မိစ္ဆာနက်ဂိုဏ်း" ကလည်း အခဲမကြေဘဲ "ပိုင်ကျန်းမြို့" ကို နောက်တစ်ကြိမ်ဝင်စီးတဲ့အခါ ... ။
📚 လုံးချင်း