သိုင်းလောက ကို ဒီ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာလည်း ဖွင့်လှစ်ထားပါတယ်။
သိုင်းလောက ဟာ သိုင်းစာပေချစ်မြတ်နိုးသူတွေအတွက် သိုင်းဝတ္ထုတွေ၊ သိုင်းဇာတ်ကောင်တွေ၊ သိုင်းလောက ဗဟုသုတတွေကို စုစည်းတင်ပြထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
သိုင်းလောက ဝက်ဘ်ဆိုက်ရဲ့ မိခင်ဌာနက သိုင်းလောက Facebook Page ပါ။ သိုင်းလောက ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်တွေအားလုံးကို သိုင်းလောက Facebook Page မှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
သိုင်းလောက Facebook Page ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စာအုပ်အငှားဆိုင်တွေ ကွယ်ပျောက်သွားပြီဖြစ်တဲ့ ဒီနေ့ အင်တာနက်ခေတ်မှာ သိုင်းစာပေတွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့အတွက် Facebook Page တွေ၊ Group တွေ၊ Blog တွေမှာ တင်ထားတဲ့ သိုင်းစာစဥ်တွေကို ရှာဖွေ စုစည်းတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
သိုင်းလောက Facebook Page မှာတင်ထားတဲ့ သိုင်းစာစဥ် PDF အများစုရဲ့ မူရင်းပိုင်ရှင်က "သိုင်းစာစဥ်များ" Facebook Page ဖြစ်ပါတယ်။ PDF မရှိသေးတဲ့ စာစဥ်တွေ၊ အထူးသဖြင့် ကိုယ်တိုင်ရေးစာစဥ်တွေကိုလည်း လိုက်လံရှာဖွေပြီး PDF အဖြစ် ပြုလုပ် စုစည်းဖော်ပြပေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နောက်ပိုင်းမှာတော့ သိုင်းလောက Facebook Page Admin က ကမကထပြုလုပ်ပြီး သိုင်းစာပေဝါသနာရှင်တွေရဲ့ လှူဒါန်းငွေနဲ့ သိုင်းစာအုပ်တွေ ဝယ်ယူစုဆောင်းတာ၊ Typical PDF အဖြစ် ပြောင်းလဲတာတွေ ပြုလုပ်ခဲ့ပါတယ်။
သိုင်းလောက Page Admin အနေနဲ့ သိုင်းလောက ဝက်ဘ်ဆိုက်ကို ဝူရှသိုင်းစာပေ အတွက် Wikipedia တစ်ခုသဖွယ် ဖြစ်လာစေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။
ဝက်ဘ်ဆိုက်မှာ ဖော်ပြချက် အားလုံးဟာ သိုင်းလောက Page Admin ရဲ့ အာဘော်သာ ဖြစ်ပါတယ်။