"ချမ်းသာသင်္ဘော" ဟာ တစ်နှစ်မှာ ၄ ရက်သာ တွေ့နိုင်တဲ့ သင်္ဘောတစ်စီးဖြစ်ပြီး "အရက်သေစာ"၊ "လောင်းကစား"၊ "မိန်းမလှ" လိုချင်တာရနိုင်တဲ့အတွက် ၄ ရက်တာ ကာလအတွင်း သင်္ဘောပေါ် ရောက်ဖူးချင်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားလေ့ ရှိပါတယ်။
"ချမ်းသာသင်္ဘော" ကို ဦးဆောင်သူက အလွန်ချောမောလှပသူလို ကျော်ကြားတဲ့ မာယာမင်းသမီး "ယဲ့ချိ" ဖြစ်ပြီး "ယဲ့ချီ" နဲ့အတူ သင်္ဘောအပေါ်ထပ်က "တိမ်ခိုးအိပ်ခန်းဆောင်" ထဲ ဝင်ရောက်ဖူးသူ သိုင်းအကျော်အမော် ၇ ဦးဟာ သတင်းအစအန ရှာမရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။
"သေမင်းသင်္ဘော" ကတော့ တနှစ်မှာ ၁ ကြိမ်သာ တွေ့နိုင်တဲ့ သင်္ဘောတစ်စီးဖြစ်ပြီး သင်္ဘောထွက်ပေါ်လာချိန်မှာ ရွှေပေလွှာနဲ့ ကြိုတင်သတိပေးထားတဲ့ ဒုစရိုက်သမား၊ ဒုစရိုက်အဖွဲတွေကို နှိမ်နင်းလေ့ရှိတာကြောင့် ကောင်းသတင်းနဲ့ နာမည်ကျော်ပါတယ်။
သွေးသောက်ညီဖြစ်သူ နဂါးဖြူ "အင်းဖေရီ" ပျောက်ဆုံးသွားတဲ့အတွက် လိုက်ရှာနေတဲ့ သေမင်းသင်္ဘောပိုင်ရှင် "အိန်းလုံ"၊ ဖခင်ပျောက် ရှာနေကြတဲ့ ဓါးမောက် "အူစိမ်း" ရဲ့သား "အူကန်း"၊ အမှတ် ၁ သိုင်းသမား "လိန်ရိ" ရဲ့သား "လိန်ပင်း" တို့ပေါင်းစည်းမိသွားကြပြီး "ချမ်းသာသင်္ဘော" ပေါ်ကို တက်ရောက်စုံစမ်းကြပါတယ်။
နောက်ဆုံးမှာ ဒုစရိုက်နွံထဲက ရုန်းထွက်ချင်ကြတဲ့ မာယာမင်းသမီး "ယဲ့ချိ" ရဲ့တပည့် "ရန်အင်း"၊ "စုလွေ"၊ "မုံမုံ"၊ "ချင်းချင်း" စတဲ့မိန်းကလေးတွေရဲ့ အကူအညီနဲ့ "ချမ်းသာသင်္ဘော" ကို ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ကွယ်က ကြိုးကိုင်သူအစစ်ဖြစ်တဲ့ မြင်းညိုဂေဟာရှင် "လုကောင်းစွန်" ကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါ ... ။
📚 ၂ အုပ်တွဲ