သိုင်းစာအုပ်တွေ၊ သိုင်းရုပ်ရှင်တွေအထဲမှာ ပါဝင်တဲ့ သိုင်းဂိုဏ်းကြီးတွေရဲ့ အကြောင်းကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဝူရှစာရေးဆရာကြီးတွေဟာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေ၊ သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူသားတွေ၊ အမှန်တကယ် တည်ရှိနေတဲ့ နေရာဒေသတွေ၊ အမှန်တကယ် ထွန်းကားခဲ့ဖူးတဲ့ သိုင်းပညာအယူအဆတွေကို အခြေခံပြီး သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ပေါင်းစပ်ကာ သိုင်းဂိုဏ်းပေါင်းများစွာကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
သိုင်းလောကထဲမှာရှိတဲ့ သိုင်းဂိုဏ်းတွေရဲ့ အမည်စာရင်းကို ဒီမှာ မှတ်တမ်းတင် ပြုစုထားပါတယ်။