"ရွှေကျားရဲတိုက်" ဟာ ပြေးစရာမြေမရှိတဲ့ ဝရမ်းပြေး၊ လူသတ်တရားခံကအစ ရန်သူကြောင့် ရှောင်ပြေးရသူ၊ ငွေရေးကြေးရေး မဖြေရှင်းနိုင်ဘဲ အခက်အခဲကြုံရသူ ဘယ်သူ့ကိုမဆို လက်ခံထားတဲ့နေရာတစ်ခုဖြစ်ပြီး ရဲတိုက်ထဲ ဝင်ရောက်သွားသူမှန်သမျှဟာလည်း တစ်ဦးတစ်ယောက်မှ ပြန်ထွက်မလာကြတော့တဲ့အတွက် ဒီလျှိဝှက်ချက်ကို သိချင်နေတဲ့ "နဂါးပျံကျေးရွာ" က သခင်လေး "ရှထင်းကြပ်" ဟာ "ကြုံသပေ့" အမည်နဲ့ "ရွှေကျားရဲတိုက်" ထဲကို ဝင်ရောက် စုံစမ်းခဲ့ပါတယ်။
မိန်းကလေး "ယင်းရှမ်း" ဟာလည်း "ရှထင်းကြပ်" လိုပဲ အကြံအစည်နဲ့ "ရွှေကျားရဲတိုက်" ကို ရောက်လာသူဖြစ်ပြီး "ရွှေကျားရဲတိုက်" မှာ သိမ်းဆည်းထားတဲ့ ရှောင်လင်ကျောင်း ရဲ့ "ဓါးမိုးသိုင်းကျမ်း" ကို "ရှထင်းကြပ်" ရဲ့ အကူအညီနဲ့ ခိုးယူထွက်ပြေးခဲ့တဲ့အတွက် စိမ်းဖန့်ဖန့် မျက်နှာပိုင်ရှင် ရဲတိုက်သခင်လေး "လွေဟုန်" က လိုက်လံဖမ်းဆီးခဲ့ပေမယ့် နှစ်ယောက်လုံး လွတ်မြောက်သွားခဲ့ကြပါတယ်။
"နဂါးပျံကျေးရွာ" ကို ပြန်ရောက်လာတဲ့ "ရှထင်းကြပ်" ကို သိုင်းလောကရဲ့ လူ့ခွစာကြီးတွေဖြစ်တဲ့ "သံမဏိအဖိုးအို" နဲ့ "ယင်းကူး" တိုက "မိုးကြိုးနန်းတော်" ရဲ့ သတိုသားလောင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် ရွှေကျားရဲတိုက်သခင်လေး "လွေဟုန်" က ကြားဖြတ်ဖမ်းဆီးခဲ့စဥ် ရောဂါဟောင်းဖောက်လာပြီး သေဘေးကြုံနေရတာကြောင့် "ရှထင်းကြပ်" က ပြန်လည် ကူညီကုသပေးခဲ့ရပါတယ်။
အဲဒီလို ကူညီ ကုသပေးရင်း ရွှေကျားရဲတိုက်သခင်လေး "လွေဟုန်" ဟာ ယောက်ကျားလေးအယောင်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်မှန်း "ရှထင်းကြပ်" သိသွားပေမယ့်လည်း "လွေဟုန်" က ခွင့်လွှတ်ပြီး လွှတ်ပေးခဲ့ပါတယ်။
အဲဒီနောက် "ရှထင်းကြပ်" ကို "သံမဏိအဖိုးအို" နဲ့ "ယင်းကူး" တိုက ပြန်လည်ဖမ်းမိသွားပြီး "မိုးကြိုးနန်းတော်" ကို ပိုဆောင်ခဲ့ပေမယ့် "ဓါးမိုးသိုင်းကျမ်း " နောက် ခြေရာခံလိုက်နေတဲ့ ရှောင်လင်ကျောင်းထိုင်ဆရာတော် "မင်းခုန်း" က ကယ်တင်ခဲ့သလို သိုင်းလောက မှာ ကျော်ကြားချင်နေတဲ့ "မိုးကြိုးရဲတိုက်" က သိုင်းလောကသားတွေကို အဆိပ်ခတ်ထိန်းချုပ်ပြီး "ရွှေကျားရဲတိုက်" နဲ့ ရင်ဆိုင်စေချိန်မှာတော့ ... ။
📚 ၂ အုပ်တွဲ