"ဖုရှောက်လုံ" နဲ့ "တုကျိကောင်း" တို့ဟာ သေမင်းတမန်ဂိုဏ်းချုပ် "အိုယန်းထင်း" ရဲ့တပည့်တွေ ဖြစ်ကြပြီး "ဖုရှောက်လုံ" က ဆရာကိုလုပ်ကြံကာ ဂိုဏ်းချုပ်နေရာ ရယူဖို့ ကြိုးစားခဲ့တာကြောင့် "တုကျိကောင်း" က ဂိုဏ်းချုပ်အမှတ်အသားဖြစ်တဲ့ "ရွှေစင်အရိုးစု" ကို ဖွက်ထားခဲ့ပါတယ်။
ဒါကြောင့် "ဖုရှောက်လုံ" က "ရွှေစင်အရိုးစု" ကို လိုက်လံရှာဖွေနေသလို "သေမင်းတမန်ဂိုဏ်း" ရဲ့ ဂိုဏ်းခွဲ ၁၃ ခုက ဌာနမှူးတွေဟာလည်း ဂိုဏ်းချုပ်နေရာ ရယူချင်တာကြောင့် "ရွှေစင်အရိုးစု" ကို ရဖို့ သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
အဲဒီအချိန်ဟာ တရုတ်ပြည်မှာ မတည်မငြိမ်ဖြစ်နေတဲ့အတွက် နယ်စွန်နယ်ဖျားဒေသတွေမှာ ဒုစရိုက်သမားတွေ သူတစ်လူ ငါတစ်မင်း ထင်တိုင်းကြဲနေကြပြီး ပန်းတစ်ရာတောင်ကြား ဒေသမှာတော့ "ပေ့ဟုန်" ခေါင်းဆောင်တဲ့ အဖွဲ့က ကြီးစိုးထားပါတယ်။
"ပေ့ဟုန်" တို့အဖွဲ့ဟာ "ဘုရင်ဧကရာဇ်" နေရာအထိပါ ရည်ရွယ်ထားခဲ့ကြတာကြောင့် နေပြည်တော်က ဗိုလ်ချုပ် "တန်ယို" ဦးဆောင်တဲ့ တပ်ဖွဲ့ကလည်း နှိမ်နင်းဖို့ ကြိုးစားခဲ့ပြီး "ပန်းတစ်ရာတောင်ကြား" ထဲ လျှို့ဝှက်ထိုးဖောက်ဝင်ဖို့ "တုကျိကောင်း" ကို အကူအညီတောင်းခဲ့ပါတယ်။
ဒီလိုနဲ့ "တုကျိကောင်း" ဟာ "ပန်းတစ်ရာတောင်ကြား" ထဲ ရောက်လာပြီး ဗိုလ်ချုပ်"တန်ယို" အဖွဲ့၊ "ပေ့ဟုန်" အဖွဲ့နဲ့ "ဖုရှောက်လုံ" အဖွဲ့တို့ရဲ့ကြားမှာ ရှုပ်ထွေးစွာ ပါဝင်လာခဲ့ရပြီး ... ။
📚 လုံးချင်း