ဓားပျံ "ဟိုတုန်း" နဲ့ သံလက်မောင်း "ကျန်းကြည်တင်း" တို့ဟာ "ထင်းရှူးစိမ်းဂေဟာ" သခင် သမားတော်သိုင်းသမား "ကွမ်းစုန်ကျင်" ရဲ့ မွေးနေ့ပွဲကိုတက်ရောက်လာရင်း "ထုံပေါ့စမ်း" တောင်တန်းအရောက်မှာ ဒဏ်ရာရနေတဲ့ အမည်မသိ အမျိုးသမီးတစ်ယောက်ကို တွေ့ရှိ ကယ်တင်လာခဲ့ကြပါတယ်။
သမားတော်သိုင်းသမား "ကွမ်းစုန်ကျင်" ဆီ ရောက်ရှိချိန်မှာတော့ သိုင်းလောက အမှောင်ထိပ်သီး နတ်ဆိုးကြီး "ချဲယွင်ထိန်" ရဲ့ "ပျံလွှားမြီး အဆိပ်အပ်" ထိခံထားရမှန်း စစ်ဆေးတွေ့ရှိခဲ့ပြီး "ကွမ်းစုန်ကျင်" ရဲ့ ကုသပေးမှုကြောင့် သူမ အသက်ချမ်းသာရခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အဲဒီ အမျိုးသမီးဟာ "အရှေ့ပင်လယ်" က "တုန်းယိ" ဂိုဏ်းချုပ် "လီတက်ကြည်" ရဲ့သမီး "လီယန်ယင်း" ဖြစ်ကြောင်းနဲ့ ခင်ပွန်းဖြစ်သူ "ယိခွန်လွန်"၊ သမီး ဖြစ်သူ "အာစန်း" တိုနဲ့အတူ နတ်ဆိုးကြီး "ချဲယွင်ထိန်" နဲ့ ရင်ဆိုင်ခဲ့ကြရာက ခင်ပွန်းဖြစ်သူ သေဆုံးသွားပြီး သမီးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း သိခဲ့ကြရပါတယ်။
"လီယန်ယင်း" ဒဏ်ရာသက်သာစ အချိန်မှာပဲ ခြေရာခံလိုက်လာတဲ့ နတ်ဆိုးကြီး "ချဲယွင်ထိန်" နဲ့ သမားတော်သိုင်းသမား "ကွမ်းစုန်ကျင်"၊ ငှက်ပျံကြီး "ဖိန်စစ်ချန်း"၊ ဓားပျံ "ဟိုတုန်း" နဲ့ သံလက်မောင်း "ကျန်းကြည်တင်း" တို့လူစု ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး အားလုံးအရေးနိမ့်နေကြချိန်မှာ ... ။
📚 လုံးချင်း