ကြေးစားလူသတ်သမား "ရွှံ့ဗွက်" ဟာ "ရွှေသိမ်းငှက်အဖွဲ့" က ပြန်ပေးဆွဲထားတဲ့ "ချောင်တန်း" မြိုစားကြီး "စူဂျိရှန်" ရဲ့သမီး "စူးလန်ကျင်း" ကို ကယ်တင်ဖို့ "ရွှေစင်အချိန်တစ်ဆယ်" နဲ့ အလုပ်လက်ခံပြီး လိုက်လံစုံစမ်းခဲ့ပါတယ်။
အဲဒီလို စုံစမ်းနေစဥ်မှာ "ရွှေသိမ်းငှက်အဖွဲ့" ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ အဖွဲ့ထဲက နုတ်ထွက်လာတဲ့ "ရွှေလင်းယုန် လူကီချန်း"၊ ညီမ "လူစီယန်း" တို့နဲ့ ဆုံတွေ့ခဲ့ရာက မိတ်ဆွေတွေ ဖြစ်ခဲ့ရသလို "စင်ကိုင်း" နယ်စားကြီး "ယန်ဇူ" ကို လုပ်ကြံမယ့် "ရွှေသိမ်းငှက်အဖွဲ့" ရဲ့ အစီအစဥ်တွေကို သိခဲ့ရပါတယ်။
"ရွှေသိမ်းငှက်အဖွဲ့" ရဲ့ အစီအစဥ်တွေကို တားဆီးနိုင်ဖို့အတွက် ပျောက်ဆုံးနေတဲ့ "မိုးကြိုးရောင်ခြည် မကိုဋ်ဦးသျှောင်" နဲ့ "သေမင်းတစ်ထောင်သိုင်းကျမ်း" ကို ရရှိဖို့ လိုအပ်နေတဲ့အတွက် "ရွှံ့ဗွက်" ဟာ အလွမ်းသခင်ကြီး "လောင်ဖူကျင်း"၊ မြွေဖြူရှင် ဝိညာဥ်ကြီး "ကျီလီအိ"၊ စိတ်မြတ်မွန်သခင် "စူးချင်"၊ မျောက်ကလေး "ဝမ်"တို့ရဲ့ အကူအညီနဲ့ "မတ်စူး" လူရိုင်းတွေနေထိုင်ရာ ဒေသမှာရှိတဲ့ "မိုးကြိုးရောင်ခြည် မကိုဋ်ဦးသျှောင်" ကို သွားရောက်ယူဆောင်နိုင်ခဲ့ပြီး အတွင်းအား တိုးပွားအောင် လေ့ကျင့်နိုင်ခဲ့သလို "အရှေ့စင်ဟွာမြို့တော်" က "သေမင်းတစ်ထောင်သိုင်းကျမ်း" ကို ရရှိပြီးချိန်မှာတော့ ... ။
( အပိုင်းတစ်ခုစီမှာ ခေါင်းစဥ်တစ်ခုစီပေးလေ့ရှိတဲ့ ရှေးဟောင်း သိုင်းစာစဥ်တွဲတွေရဲ့ ထုံးစံအတိုင်း "ရွှံ့ဗွက်" စာစဥ်တွဲမှာ "ရွှံ့ဗွက်"၊ "လျှို့ဝှက်ဆန်းပြားအတွင်းအား"၊ "ကျွဲဖြူရှင်အလွမ်းသခင်ကြီး" နဲ့ "လျှို့ဝှက်သိုင်းသမား" ဆိုတဲ့ အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။)
📚 ၄ အုပ်တွဲ