မင်းမှုထမ်းစာမေးပွဲဖြေဖို့ ခိုင်ဖုန်းမြို့ကို ရောက်လာတဲ့ စာပေသမားလေး "ရိယုဖိန်" တစ်ယောက် မမျှော်လင့်ဘဲ ဒဏ်ရာရလာတဲ့ သိုင်းလောက နံပါတ် ၁ "ရွှေစုတ်တံ အိုက်ကျိုး" ကို ကယ်တင်မိခဲ့ရာကနေ သူ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲခဲ့ပြီး သိုင်းလောကထဲ ရောက်ရှိသွားခဲ့ပါတယ်။
လက်ဦးဆရာ "ရွှေစုတ်တံ အိုက်ကျိုး" ရဲ့ အဆင့်မြင့် သိုင်းပညာရပ်တွေအပြင် "ရှောင်လင်ကျောင်း" ရဲ့ "အားမာန်လှိုင်း" အတွင်းအားပညာ၊ "သမားတော်သိုင်းသမား" ရဲ့ အစွမ်းထက်ပညာတွေနဲ့ "ဓါးသမား ယောက်ရှမ်း" ရဲ့ ဓါးမြန်သိုင်းပညာတွေကို ရရှိခဲ့တဲ့ "ရိယုဖိန်" က သိုင်းလောကကို ချုပ်ကိုင်နေတဲ့ "မရဏသခင်" ရဲ့ "ရုပ်ပြောင်းမြို့တော်" ကို ဖြိုခွင်းဖို့ ကြိုးစားချိန်မှာတော့ ... ။
📚 ၅ အုပ်တွဲ