စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ ၆ အုပ်မြောက် လက်ရာ "မြေခွေးပျံ" (The Young Flying Fox) ကို "ဝဏ္ဏအောင်" က ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
၁၉၅၉ ခုနှစ်က ရေးသားခဲ့တဲ့ "နှင်းတောင်ထက်က မိုးပျံမြေခွေး" (Fox Volant of The Snowy Mountain) စာစဥ်ရဲ့ အဆက်ဖြစ်တဲ့ ဒီဝတ္ထုကို ၁၉၆၀ ပြည့်နှစ် ကနေ ၁၉၆၂ ခုနှစ်အထိ ဟောင်ကောင်အခြေစိုက် Wuxia and History မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။
ရုပ်ရှင်အဖြစ်လည်း ၁၉၆၄ ခုနှစ် ကနေ ၂၀၀၆ ခုနှစ်အတွင်း ရုပ်ရှင် သုံးကားနဲ့ တီဗွီရုပ်သံဇာတ်လမ်းတွဲ လေးတွဲ ထွက်ရှိခဲ့ပါတယ်။
ဒီစာစဥ်တွဲဟာ ပထမ ဘာသာပြန်စာစဥ်တွဲဖြစ်တဲ့ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "သိုင်းလောကအငြိုးခံ မိုးပျံမြေခွေး" စာစဥ်တွဲ အဆက်ဖြစ်ပြီး ဇာတ်လိုက်ဟာလည်း ပထမ စာစဥ်တွဲက ဇာတ်လိုက်ဖြစ်တဲ့ "ဟူဖေး" (Hu Fei) ပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဘာသာပြန် စာရေးဆရာ မတူညီတာကြောင့် ဒုတိယတွဲမှာတော့ ဇာတ်ကောင်နာမည်တွေဟာ ပထမတွဲနဲ့ အနည်းငယ်စီ ကွာခြားသွားကြပြီး မူရင်းနာမည်ဖြစ်တဲ့ "Hu Fei" က "ဟူဖေး" နဲ့ "ဖုဖီး"၊ "Hu Yidao" က "ဟူယိတောင်း" နဲ့ "ဖုရင်တောက်"၊ "Miao Renfeng" က "မြောင်ရင်ဖုန့်" နဲ့ "မောက်ရင်ဖုံး" စသဖြင့် ကွဲပြားသွားတာ ဖြစ်ပါတယ်။
တီဗွီရုပ်သံဇာတ်လမ်းတွဲအနေနဲ့ မြန်မာနိုင်ငံက သိုင်းလောကသားတွေ ကောင်းကောင်း သိကြမှာကတော့ "နှင်းတောင်သူရဲကောင်း" ဇာတ်ကားပဲ ဖြစ်ပါတယ်။
📚 ၈ အုပ်တွဲ