၁၉၅၅ ခုနှစ်မှာ စတင်ရေးသားခဲ့တဲ့ စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ ဝတ္ထု ၁၅ ပုဒ်ဟာ အုပ်ရေသန်းချီ ရိုက်နှိပ်ခဲ့ရပြီး ယနေ့ထိတိုင်လည်း အမျိုးမျိုးသော ရုပ်သံ Version တွေဆက်လက် ထွက်ရှိနေဆဲ ဖြစ်ပါတယ်။
သိုင်းလောကသားတွေ အများစု သိထားကြပြီးသားဖြစ်တဲ့ "ကောကျင့်"၊ "ရန်ကော်"၊ "ကျန်းဝူကျိ"၊ "ချောင်ဖုန်း"၊ "လင့်ဟူချုန်း" စတဲ့ ဇာတ်ကောင်တွေ၊ "ရှောင်လင်"၊ "ဝူတန်"၊ "အော်မေ့"၊ "ခွန်းလွန်"၊ "ဟွာစန်း"၊ "ခုံတုံ" စတဲ့ ဂိုဏ်းကြီးတွေပါဝင်တဲ့ "သိုင်းလောကကြီး" တစ်ခုကို "ကျင်းယုံ" က တည်ထောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ကျင်းယုံရဲ့ စာအုပ် ၁၅ အုပ်လုံးဟာ တဆက်တည်း စပ်ဆက်နေတာတော့ မဟုတ်ပါဘူး။ ဇာတ်အိမ်တည်ထားတဲ့ ခေတ်ကာလကွဲပြားမှု၊ ဇာတ်လမ်း ဇာတ်အိမ်ကွဲပြားမှုတွေကြောင့် စာအုပ် ၁၅ အုပ်ထဲမှာကိုပဲ Condor Trilogy လို့ခေါ်တဲ့ သိန်းငှက်သူရဲကောင်းစီးရီး သုံးပုဒ်၊ Snoway Mountain Series ဖြစ်တဲ့ နှင်းတောင်သူရဲကောင်းစာစဥ် နှစ်ပုဒ်၊ စသဖြင့် Universe အသေးလေးတွေ ထပ်ပြီးခွဲထုတ်လို့တောင် ရနိုင်ပါသေးတယ်။
ဒါပေမဲ့ သိုင်းလောက ရဲ့ Universe တွေအထဲမှာ "ကျင်းယုံ Universe" ဟာ အစောဆုံး၊ အကြီးမားဆုံး၊ သမိုင်းကြောင်း အခိုင်မာဆုံး၊ လူသိအများဆုံး Universe တစ်ခုဖြစ်တာကြောင့် စာစဥ် ၁၅ အုပ်လုံးကိုခြုံငုံပြီး "ကျင်းယုံ Universe" အဖြစ် အားလုံးက သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။
"ကျင်းယုံ Universe" ကို အတွဲလိုက်ဖတ်ချင်သူတွေအတွက် ဘာသာပြန်ထွက်ရှိထားတဲ့ စာစဥ်တွေကို တစုတစည်းတည်း စုစည်းပေးထားပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။