စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ ၁၂ အုပ်မြောက် ဝတ္ထုဖြစ်တဲ့ "အကြင်နာနဲ့ စပ်တဲ့ကဗျာ" (Ode to Gallantry) ကို စာရေးဆရာ "ဆရာခွန်" က ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
"Ode to Gallantry" ကို ၁၉၆၆ ခုနှစ်၊ ဇွန်လ ကနေ ၁၉၆၇ ခုနှစ်၊ ဧပြီလအထိ ဟောင်ကောင် မင်ပေါင်း သတင်းစာမှာ အခန်းဆက် ဖော်ပြခဲ့ပါတယ်။
ဒီ ဝတ္ထုဟာ "ထန်မင်းဆက်" ခေတ်က ကဗျာဆရာ "လီဘိုင်" ရဲ့ ကဗျာတစ်ပုဒ်နဲ့ ခေါင်းစဉ်တူညီသလို အခန်းတချို့ဟာလည်း စာရေးဆရာကြီး "William Shakespeare" ရဲ့ Twelfth Night နဲ့ The Comedy of Errors ပါ အခန်းတချို့နဲ့ ဆင်တူတယ်လို ဝေဖန်ခံခဲ့ရပါတယ်။
၁၀ နှစ် တစ်ကြိမ် သိုင်းလောကထဲကို တမန်တော် နှစ်ယောက်စေလွှတ်ပြီး သိုင်းပြိုင်ဖို ဖိတ်ခေါ် ပေမယ့် တစ်ယောက်မှ ပြန်မလာနိုင်ကြတဲ့ "သူရဲကောင်းကျွန်း"၊ တံဆိပ်တော် လက်ဝယ်ရှိသူက လိုရာဆန္ဒကို တောင်းဆိုနိုင်တဲ့ "မိုးထိတောင်သခင်ကြီး" ရဲ့ "အနက်ရောင် သံမဏိတံဆိပ်တော်" နဲ့ စာမတတ်၊ ပေမတတ်၊ မအူမလည် ကျေးတောသားလေးတစ်ယောက်အကြောင်း ဇာတ်အိမ်တည် ရေးဖွဲထားတာ ဖြစ်ပါတယ်။
ဒီဝတ္ထုကို ၁၉၈၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ရုပ်ရှင် တစ်ကားနဲ့ တီဗွီရုပ်သံဇာတ်လမ်းတွဲ ၄ ခု ရိုက်ကူးထားခဲ့ပြီး "ပြန်လမ်းမဲ့ကျွန်း" (Ode to Gallantry) လို့ နာမည်ပေးထားကြတဲ့ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ထွက် ရုပ်သံဇာတ်လမ်းတွဲတွေကို လူသိများပါတယ်။
📚 လုံးချင်း