စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ ဒုတိယမြောက် လက်ရာဖြစ်ပြီး "တော်ဝင်သွေးစွန်းတဲ့ဓါး" (Sword Stained with Royal Blood) အမည်နဲ့ "ဟောင်ကောင်ကော်မာရှယ်" နေ့စဥ်သတင်းစာမှာ ၁၉၅၆ ခုနှစ်က ရေးသားဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ "Sword Stained with Royal Blood" ကို စာရေးဆရာ "မိုးကျော်သူ" က "မြွေဓါးရှင်" လို့ အမည်ပေး ဘာသာပြန်ဆိုခဲ့ပါတယ်။
"Sword Stained with Royal Blood" ဟာ ဇာတ်ကားအနေနဲ့ ၁၉၅၉၊ ၁၉၈၂ နဲ့ ၁၉၉၃ ခုနှစ်တို့မှာ ထွက်ရှိခဲ့သလို ရုပ်သံဇာတ်လမ်းတွဲ အနေနဲ့လည်း ၁၉၇၇၊ ၁၉၈၅၊ ၂၀၀၀၊ ၂၀၀၇ ခုနှစ်တို့မှာ ထွက်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာတော့ "သွေးသစ္စာဓါး" လို့ အမည်ပေးထားတဲ့ ၂၀၀၇ ခုနှစ်ထွက် ရုပ်သံဇာတ်လမ်းတွဲကို လူသိအများဆုံး ဖြစ်ပါတယ်။
စာရေးဆရာကြီး "ကျင်းယုံ" ဟာ ဒီဝတ္ထုကို ၁၉၅၆ ခုနှစ် နောက်ပိုင်းမှာ သုံးကြိမ်တိုင် ပြင်ဆင်ရေးသားခဲ့ပြီး ဝတ္ထုထဲက ဇာတ်ကောင်တချို့ကတော့ ၁၉၆၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ သူ့ရဲ့အရှည်လျားဆုံးနဲ့ နောက်ဆုံးလက်ရာဖြစ်တဲ့ "သမင်နဲ့ အိုး" (The Deer and The Cauldon) မှာ အဓိကဇာတ်ကောင်မဟုတ်တဲ့နေရာက ပြန်လည်ပါဝင်လာခဲ့ပါတယ်။
📚 ၆ အုပ်တွဲ