တရုတ်စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ "ယွမ်မင်းဆက်" နှောင်းပိုင်းကာလကို ဇာတ်အိမ်တည် ရေးသားထားတဲ့ နာမည်ကျော် သိုင်းဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။
"မင်မင်းဆက်" တည်ထောင်သူ "ကျူးယွမ်ကျန်း"၊ "ထိုက်ကျိသိုင်းပညာ"ကို တီထွင်ခဲ့သူ "ကျန်းစန်းဖုန်း" စတဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တွေကို ထည့်သွင်းရေးသားထားတဲ့ "နဂါးနိုင်ဓား" ဝတ္ထုကို ၁၉၆၁ ခုနှစ်မှာ "ဟောင်ကောင် မင်ပေါင်" သတင်းစာက အခန်းဆက် ဝတ္ထုရှည်အဖြစ် ပထမဦးဆုံးအကြိမ် ပုံနှိပ်ဖော်ပြခဲ့ပြီး ရုပ်ရှင်စီးရီးအဖြစ်လည်း အောင်မြင်ခဲ့ပါတယ်။
စာရေးသူက ဒီဝတ္ထုကို ၁၉၇၉ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်မှာ ထပ်မံပြင်ဆင် ဖြည့်စွက်ခဲ့ပေမယ့် မူရင်းဝတ္ထုကသာ လူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်။
📚 ၈ အုပ်တွဲ