စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ နောက်ဆုံးနဲ့ အရှည်လျားဆုံး ဝတ္ထုရှည်ဖြစ်တဲ့ "သမင်နဲ့အိုး" (The Deer and The Cauldon) ကို "ရဲမင်းဟိန်း" က "ပန်းခူးလိပ်ပြာ သိုင်းမာယာ" လို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
"သမင်နဲ့အိုး" (The Deer and The Cauldon) ကို ၁၉၆၉ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ ဟောင်ကောင် မင်ပေါင် သတင်းစာမှာ အခန်းဆက် ဖော်ပြခဲ့တာဖြစ်ပြီး ၁၉၇၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ရုပ်ရှင် ၄ ကားနဲ့ တီဗွီရုပ်သံဇာတ်လမ်းတွဲ ၇ ကား ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။
ဒီဝတ္ထုရဲ့ အဓိက ဇာတ်လိုက်ကျော် "ဝေရှောင်ပေါင်" (Wei Xiaobao) ဟာ "ကျင်းယုံ" ရဲ့ ဇာတ်ကောင်တွေအထဲမှာ သိုင်းပညာအနိမ့်ဆုံး၊ ဉာဏ်အများဆုံးနဲ့ စိတ်ထားမဖြူစင်ဆုံး ဇာတ်ကောင်ဖြစ်ပေမယ့် မျက်နှာအပွင့်ဆုံးလို ပြောလိုရပြီး ဇနီး ၇ ဦး ရှိသူဖြစ်ပါတယ်။
(အင်တာနက် အွန်လိုင်းခေတ်မှာတော့ ဒီစာစဥ်ကို စာရေးဆရာ "ဆရာခွန်" က "ဉာဏ်ကြီးရှင် ဝေရှောင်ပေါင်" လို အမည်ပေးပြီး ထပ်မံ ဘာသာပြန်ဆိုထားပါတယ်။)
📚 ၃ အုပ်တွဲ