စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ ပထမဆုံး လက်ရာဖြစ်တဲ့ "ကျမ်းတစ်အုပ် ဓါးတစ်လက်" (The Book and The Sword) ကို "တက္ကသိုလ်နေလင်းအောင်" က ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
The Book and The Sword ကို "ညနေခင်းသစ်" သတင်းစာမှာ ၁၉၅၅ ဖေဖော်ဝါရီလ ကနေ ၁၉၅၆ စက်တင်ဘာလအထိ အခန်းဆက် ဖော်ပြခဲ့သလို ၁၉၇၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ဇာတ်ကား ၃ ကားနဲ့ တီဗွီရုပ်သံဇာတ်လမ်းတွဲ ၇ တွဲ ထွက်ရှိခဲ့ပါတယ်။
၁၈ ရာစု၊ "ချင်မင်းဆက်" ခေတ်ကို နောက်ခံထားရေးဖွဲ့ထားတဲ့ ဒီဝတ္ထုမှာ "ဟန်လူမျိုး" စစ်စစ်ဖြစ်ပေမယ့် သူ့ကိုယ်သူ "မန်ချူးလူမျိုး" လို့ ထင်နေတဲ့ "ချန်လုံးဧကရာဇ်"၊ မန်ချူးတွေကို တော်လှန်ဖို့ လျှို့ဝှက်တည်ထောင်ထားတဲ့ "ပန်းပွင့်နီဂိုဏ်း"နဲ့ "စင်ကျန်" ပြည်နယ်က မွတ်ဆလင် မျိုးနွယ်စုတွေအကြောင်း ဇာတ်အိမ်ဖွဲ့တည်ဆောက်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ "ဓါးတစ်ဆုပ် ကျမ်းတစ်အုပ်"၊ "ပန်းနီဂိုဏ်းနဲ့ ကျမ်းသစ္စာ" အမည်တွေနဲ့ ရုပ်သံ ဇာတ်လမ်းတွဲကို လူသိများပါတယ်။
📚 ၉ အုပ်တွဲ