စာရေးဆရာကြီး ကျင်းယုံ ရဲ့ ၄ အုပ်မြောက်လက်ရာဖြစ်တဲ့ "နှင်းတောင်ထက်က မိုးပျံမြေခွေး" (Fox Volant of The Snowy Mountain) ကို "တက္ကသိုလ်နေလင်းအောင်" က "သိုင်းလောကအငြိုးခံ မိုးပျံမြေခွေး" လို အမည်ပေး ဘာသာပြန်ထားတာပါ။
အခန်း ၁၀ ခန်းပါဝင်တဲ့ ဒီဝတ္ထုဟာ "ကျင်းယုံ" ရဲ့ ဝတ္ထုရှည်တွေအထဲမှာ အတိုဆုံးဖြစ်သလို သမိုင်းနောက်ခံအားဖြင့်လည်း နောက်အကျဆုံးဖြစ်ပြီး ၁၈ ရာစု၊ "မန်ချူးမင်းဆက်" ကာလကို အခြေခံဇာတ်အိမ်တည်ထားပါတယ်။
တခြားဝတ္ထုတွေနဲ့ မတူညီတဲ့ ထူးခြားချက်ကတော့ ဒီဝတ္ထုတပုဒ်လုံးရဲ့ ဖြစ်စဥ်တွေဟာ (နောက်ကြောင်းပြန်ခန်းတွေက လွဲရင်) တနေ့တည်း၊ တရက်တည်းအတွင်းမှာပဲ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။
Fox Volant of The Snowy Mountain ကို ၁၉၅၉ ဖေဖော်ဝါရီလ ကနေ ဇွန်လ အထိ ဟောင်ကောင်မြို အခြေစိုက် "ညနေခင်းသစ်" သတင်းစာမှာ အခန်းဆက် ဖော်ပြခဲ့ပြီး ၁၉၆၄ ခုနှစ် ကနေ ၂၀၀၆ ခုနှစ်အတွင်း ရုပ်ရှင် ၃ ကားနဲ့ တီဗွီရုပ်သံဇာတ်လမ်းတွဲ ၄ တွဲ ထွက်ရှိခဲ့ပါတယ်။
မြန်မာပရိသတ်တွေ အများဆုံးသိကြတဲ့ ဇာတ်လမ်းတွဲကတော့ "နှင်းတောင်သူရဲကောင်း" ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
📚 ၆ အုပ်တွဲ