သိုင်းစာစဥ်တွေ အများစုမှာ အဓိကဇာတ်လိုက်တွေက အမျိုးသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှားရှားပါးပါး တချို့စာစဥ်တွေမှာတော့ အဓိကဇာတ်လိုက်က အမျိုးသမီးတွေ ဖြစ်ပါတယ်။
ဒါကြောင့် "သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "စုစည်းပေါင်းချုပ် သိုင်းဇာတ်ထုပ်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက "အမျိုးသမီးဇာတ်လိုက်" တွေ ပါဝင်တဲ့ သိုင်းစာစဥ်တွေ ဖြစ်ပါတယ်။
အဲဒီသိုင်းစာစဥ်တွေမှာ အမျိုးသမီးတွေက အဓိက ဇာတ်လိုက်အဖြစ်၊ ဒါမှမဟုတ် အမျိုးသားဇာတ်လိုက်တွေနဲ့ တန်းတူသတ်မှတ်ရတဲ့ အဓိက ဇာတ်ကောင်တွေအဖြစ် ပါဝင်ကြပါတယ်။
အဲဒီလို သိုင်းစာစဥ်မျိုးတွေကို သိုင်းလောကထဲကအမျိုးသမီးဇာတ်လိုက်များ အဖြစ် စုစည်းဖော်ပြလိုက်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။