မိန်းကလေး "ဖန်ကြည်ကြည်" ဟာ ကွယ်လွန်သွားတဲ့ ဘကြီး ဖြစ်သူ "ခြင်္သေ့ဖန်းရှမ်း" ချန်ထားရစ်ခဲ့တဲ့အမွေတွေကို ဆက်ခံဖို "ခြင်္သေ့ရဲတိုက်" ကို ရောက်ရှိလာတဲ့ ပထမဆုံး ညမှာပဲ ထူးဆန်းတဲ့ "လက်မည်းကြီး" နဲ့ ကြုံတွေ့ခဲ့ရပြီး လက်တစ်ဖက်ကို အမြဲ လက်အိတ်စွပ်ထားလေ့ရှိသူ အိမ်တော်ထိန်း "ကျားကြီး" အပေါ် သံသယ ဝင်ခဲ့ပါတယ်။
"ခြင်္သေ့ဖန်းရှမ်း" ရဲ့ သေတမ်းစာအရ ပထမ အမွေဆက်ခံသူဟာ "ဖန်ကြည်ကြည်" ဖြစ်ပေမယ့် ဒုတိယ အမွေဆက်ခံသူက အစ်ကိုဝမ်းကွဲ ဖြစ်သူ "ရှောင်ပေရုံး"၊ တတိယအမွေဆက်ခံသူက အိမ်တော်ထိန်း "ကျားကြီး" တိုဖြစ်တာကြောင့် ရုတ်တရက် "ဖန်ကြည်ကြည်" ပျောက်ဆုံးသွားတဲ့အခါ "ဖန်ကြည်ကြည်" ရဲ့ အိမ်ဖော် "အချင်း" က ရဲမက်ဌာန ကို တိုင်ကြားခဲ့တဲ့အတွက် ဌာနမှူး "ကိုထန်" နဲ့ အမျိုးသမီး ထောက်လှမ်းရေးမှူး "ယင်းဖုံး" တိုက စုံစမ်းစစ်ဆေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဆက်တိုက်ဆိုသလို သံသယဖြစ်ဖွယ်ရှိသူတွေဖြစ်ကြတဲ့ "ရှောင်ပေရုံး" က အသတ်ခံခဲ့ရသလို လက်ထိတ်ခတ်ပြီး အခေါင်းထဲထည့်ထားတဲ့ သံသယတရားခံ "ကျားကြီး" ရဲ့ ရုပ်အလောင်းကလည်း ပျောက်ဆုံးသွားတဲ့အပြင် အသက်ရှင်လှုပ်ရှားနေတဲ့ "ကျားကြီး" ကို မြင်တွေ့ရသူတွေလည်း ရှိတာကြောင့် အမှုဟာ တစ္ဆေပုံပြင်သဖွယ် ပိုမိုရှုပ်ထွေးလာပြီး ... ။
📚 ၂ အုပ်တွဲ