"မူကြူးမြို့" က နာမည်ကျော်သိုင်းသမား "ဝမ်းဝေ" နဲ့ "ဟုန်းမေ" တို့ရဲ့သမီး "ဝမ်းယိုယု" ဟာ သိုင်းလောကအတွေ့အကြုံရဖို မြင်းတစ်စီးနဲ့ ခြေဆန့်ခဲ့ရာမှာ "ကျုံဝါတောင်ခြေ" က "ခူးမင်း" စားသောက်ဆိုင် အရောက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အဲဒါကတော့ သရဲခြောက်ခံရတာဖြစ်ပြီး သူ့လိုပဲ ခရီးသွားတစ်ဦးဖြစ်တဲ့ "ရှောင်ချူဖုန်း" ရဲ့ကူညီပေးမှုကြောင့် စိတ်သက်သာရာရခဲ့ပေမယ့်လည်း "မူကြူးမြို" က နေအိမ်ကိုပြန်ရောက်တဲ့အထိ အဲဒီသရဲဟာ "ဝမ်းယိုယု" ကို လိုက်လံနှောက်ယှက်နေခဲ့ပါတယ်။
ဒါကြောင့် သရဲနှင်ရာမှာ အစွမ်းထက်တယ်ဆိုတဲ့ "ရသေ့ကြီးစန်းကု" နဲ့ "ပညာရှိ" တို ဆရာတပည့်ကို "ဝမ်းဝေ" က အကူအညီတောင်းခဲ့တာကြောင့် "ရသေ့ကြီးစန်းကု" လည်း အခကြေးငွေ အမြောက်အများယူပြီး အောင်မြင်စွာ နှိမ်နင်းပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ထိပ်တန်းသိုင်းသမားတွေဖြစ်တဲ့ သံလက်ဝါး "ပုညီစိန်" နဲ့ လေနဂါး "အိုဝမ်ကျူး" တို့ "ဝမ်းဝေ" ရဲ့အိမ်ကို ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ဒီဖြစ်စဥ်ကြီးတစ်ခုလုံးဟာ လူတစ်စုရဲ့ လုပ်ကြံဖန်တီးထားမှုတွေဖြစ်တယ်ဆိုတာ ဖော်ထုတ်ပေးတဲ့အခါ ... ။
📚၂ အုပ်တွဲ