ထန်နိုင်ငံဘုရင်က တာလိနိုင်ငံဘုရင်ဆီကို ပေးပိုလိုက်တဲ့ ရတနာလက်ဆောင်တွေ တိုက်ခိုက်လုယက်ခံလိုက်ရတဲ့အတွက် မြိုစားကြီး "ပိုင်ရှကွေ့" ရဲ့သား "ပိုင်ယဲ့ချန်း" နဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ "စန့်ပေါင်"၊ "လိခုံး" တို သုံးဦးဟာ စုံစမ်းစစ်ဆေးရေးခရီး ထွက်ခဲ့ကြပါတယ်။
သူတိုဟာ "ဝှမ်စစ်မြို" အရောက်မှာ သူတိုကို မြိုခံသူဌေးကြီး "ရှဲကျူး" က ဖိတ်ကြားခဲ့တဲ့အတွက် သွားရောက်တွေ့ဆုံရင်း "ရှဲကျူး" ရဲ့ နေအိမ်မှာပဲ တည်းခိုနေထိုင်ခဲ့ကြပါတယ်။
အဲဒီနောက် သူတိုဟာ "ရှဲကျူး" အပေါ်မှာ မသင်္ကာဖြစ်ခဲ့ကြတာကြောင့် လျှို့ဝှက် စုံစမ်းနေကြရင်း "ရှဲကျူး" ရဲ့ မွေးစားနှမ "ဖောင်းဖောင်း" နဲ့ "ပိုင်ယဲ့ချန်း" တို့ ချစ်ကြိုးသွယ်မိခဲ့ကြသလို "ပိုင်ယဲ့ချန်း" ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာလည်း "ဖောင်းဖောင်း" က ပါဝင်ကူညီခဲ့ပါတယ်။
ဒါပေမဲ့ ဒါကို သူဌေးကြီး "ရှဲကျူး" သိရှိသွားခဲ့တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာ "ပိုင်ယဲ့ချန်း"၊ "စန့်ပေါင်"၊ "လိခုံး" နဲ့ "ဖောင်းဖောင်း" တို လေးဦးလုံး အသတ်ခံခဲ့ကြရပါတယ်။
ဒီအခါမှာတော့ "ပိုင်ယဲ့ချန်း" ရဲ့ နှမဖြစ်သူ "ပိုင်ကျွင်းလေ" က အစ်ကိုဖြစ်သူရဲ့ မပြီးဆုံးသေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ "ဝှမ်စစ်မြို" ကို ရောက်ရှိလာခဲ့ပြီး ... ။
📚 ၃ အုပ်တွဲ