အဖြူရောင်သိုင်းသမား နဂါးဓါး "လီယုချိန်" နဲ့ သမီးဖြစ်သူ "လီရှုရှု" တိုဟာ သိုင်းလောက အဓိပတိ "ဘိုးဘိုးယန်စီ" ကို ဂါရဝပြုဖို မိုးထိတောင်ပေါ်ကို တက်လာခဲ့ကြပေမယ့် ထူးဆန်းတဲ့ ပလွေသံကြောင့် သိုင်းသမားတွေ တောင်ပေါ်မတက်နိုင်ဘဲ ပြန်ဆင်းလာနေကြရတာကို ကြုံတွေ့ရပါတယ်။
နဂါးဓါး "လီယုချိန်" က သိုင်းပညာမတတ်တဲ့ သမီးဖြစ်သူ "လီရှုရှု" ကို တောင်ခြေက "နတ်ပလွေဘွားဘွား" ထံမှာ အပ်နှံထားခဲ့ပြီး တောင်ပေါ်ကို ဆက်တက်သွားခဲ့ရာမှာ ကာလအတန်ကြာတဲ့အထိ ပြန်ဆင်းမလာခဲ့ပါဘူး။
ဒါကြောင့် "လီရှုရှု" လည်း ဖခင်ကိုရှာဖို့ "နတ်ပလွေဘွားဘွား" အလစ်မှာ တောင်ပေါ်ကို အတင်းတက်သွားရင်း မိုးထိတောင်ပေါ်က "ဟိုချူး" အမည်ရှိ အဖိုးအိုတစ်ယောက်ထံက ယပ်တောင်လေးတစ်ချောင်းကို အလစ်သုတ်ယူလာခဲ့မိပါတယ်။
တောင်ပေါ်က အပြန်ခရီးမှာတော့ မီးလက်ဝါး "ဟန်ဖချင်း" အမည်ရှိ သိုင်းသမားကြီးတစ်ဦးနဲ့ ဆုံတွေ့မိပြီး ဆရာအဖြစ် တင်မိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မီးလက်ဝါး "ဟန်ဖချင်း" ဟာ သိုင်းသမားဆိုးကြီးတစ်ဦးဖြစ်နေတာကို "လီရှုရှု" သိလာခဲ့ရပါတယ်။
ဒါပေမဲ့ မီးလက်ဝါး "ဟန်ဖချင်း" က "လီရှုရှု" အမှတ်မထင် ယူလာခဲ့တဲ့ ယပ်တောင်ကလေးကို အရယူသွားခဲ့ပြီး "မြောက်ကျွန်းဘီလူး"၊ "ရွှေပိတုန်း ဘွားဘွား" စတဲ့ သိုင်းသမားဆိုးကြီးတွေနဲ့ ပူးပေါင်းကာ သိုင်းလောကကို အုပ်စိုးဖို့ ကြံစည်ခဲ့ပါတယ်။
တကယ်တော့ အဲဒီယပ်တောင်လေးဟာ တချိန်က ရှောင်လင်ကျောင်းကနေ မုန်တိုင်းသိုင်းသမား "ဟန်ဝေး" က ခိုးယူလာခဲ့တဲ့ "စွယ်စုံသိုင်းကျမ်း" သိမ်းဆည်းထားရာ နေရာကို ညွှန်ပြထားတဲ့ မြေပုံအညွှန်းတစ်ခုဖြစ်နေတာကို "လီရှုရှု" သိလိုက်ရပါတယ်။
အဲဒီလို သိုင်းသမားဆိုးကြီးရဲ့လက်ထဲ ယပ်တောင်ကလေးရောက်သွားခဲ့တာဟာ သူ့ရဲ့တာဝန်မကင်းမှန်း "လီရှုရှု" သိရှိသွားတဲ့အတွက် သိုင်းပညာကို တတ်မြောက်အောင် သင်ယူပြီး မီးလက်ဝါး "ဟန်ဖချင်း" ဦးဆောင်တဲ့ သိုင်းသမားဆိုးကြီး တစ်စုကို သွေးပလွေရှင် "ထိုက်ပိုးရှန်"၊ အရှေ့ကျွန်းမင်းသားလေး "ဝန်ဝေးစန်း" စတဲ့ လူငယ်လေးတွေနဲ့အတူ ရှာဖွေ နှိမ်နင်းခဲ့တဲ့အခါ ... ။
📚 ၄ အုပ်တွဲ