လီမျိုးနွယ်ကျေးရွာ ခေါင်းဆောင် "လီပဖုံး" လုပ်ကြံခံရပြီး "မိုးဓါး" လည်း ပျောက်ဆုံးသွားတဲ့အတွက် သမီးဖြစ်သူ "လီရှန်းရဲ့" ဟာ ဖခင်ကို လုပ်ကြံသွားသူ "ကျန်းစန်း" ကို လက်စားချေဖို့အတွက် လိုက်လံရှာဖွေခဲ့ပါတယ်။
ဒါပေမဲ့ သူမရဲ့ ရည်ရွယ်ချက်တွေ မပြည့်မြောက်နိုင်သေးခင်မှာပဲ ဓါးပြကြီး မြေခွေး "ကျူးစု" ရဲ့ ဇနီး အဆိပ်ပင့်ကူ "မေနန်း" က ဖမ်းဆီးသွားတဲ့အတွက် အိမ်အကူအဖြစ်နဲ့ လုပ်ကိုင် နေထိုင်ခဲ့ရပါတယ်။
"အဆိပ်ပင့်ကူ" ဟာ စိတ်နေစိတ်ထား ခက်ထန်ထူးခြားသူဖြစ်ပေမယ့် "လီရှန်းရဲ့" ကိုတော့ ညီမသဖွယ် သဘောထားကာ သိုင်းပညာတွေ မျှဝေသင်ကြားပေးခဲ့ပါတယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက် ကာလအတန်ကြာ အဆင်ပြေနေခဲ့ပေမယ့် "လီရှန်းရဲ့" ရဲ့ ဦးလေး "လီချုံးယန်" ရဲ့လက်ချက်ကြောင့် ဓါးပြကြီး "ကျူးစု" သေဆုံးသွားချိန်မှာတော့ "လီရှန်းရဲ့" လည်း ထွက်ပြေးရပါတော့တယ်။
သူဌေးကြီး "ချီစန်း" ရဲ့သား "ချီရှောင်" ကတော့ ခွန်းလွန်တောင်မှာ သိုင်းပညာသင်ကြားခဲ့ပြီးနောက် နေအိမ်ရှိရာ ပီကင်းမြိုကို ပြန်လာရင်း မိန်းကလေး "လီရှန်းရဲ့" ကို တွေ့မြင် စိတ်ဝင်စားခဲ့ပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ မုဆိုးမလေး "မေနန်း" ကလည်း "ချီရှောင်" ကို ချစ်ကြိုက်မိသွားတဲ့အတွက် ကာမအဆိပ်ဆေးခတ် ရယူဖို့ကြံစည်ခဲ့တဲ့အတွက် "လီရှန်းရဲ့" က ကယ်တင်ပေးရင်း သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမဲ့ "ချီရှောင်" ရဲ့ ဖခင် သူဌေးကြီး "ချီစန်း" ဆိုတာဟာ လီမျိုးနွယ်ကျေးရွာ ခေါင်းဆောင် "လီပဖုံး" ကို လုပ်ကြံသွားတဲ့ "ကျန်းစန်း" ဖြစ်ကြောင်း သူတို့အားလုံး သိလာကြချိန်မှာတော့ ... ။
📚 ၃ အုပ်တွဲ