"ကောက်ကျင်းနယ်" ဟာ "တာလိပြည်" ရဲ့ လက်အောက်ခံဒေသတစ်ခုဖြစ်ပြီး မျက်မာန်ရှစရာ ကိစ္စတစ်ခုကြောင့် "တာလိဘုရင်" က "ကောက်ကျင်းနယ်စားကြီး" ကို ကွပ်မျက်ပြီး မင်းသားလေး "တန်ချင်း" ကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့သလို "ကောက်ကျင်းတပ်ဖွဲ့" တွေကိုလည်း "တာလိတပ်ဖွဲ" တွေနဲ့ အစားထိုးခဲ့ပါတယ်။
ဒါကြောင့် "ကောက်ကျင်းနယ်စားကြီး" ရဲ့ သစ္စာခံ အိမ်ထိန်းကြီး "လုထိန်" ဦးဆောင်တဲ့ "ပဉ္စမံတပ်ဖွဲ့" က အကျဥ်းကျနေတဲ့ မင်းသားလေး "တန်ချင်း" ကို ကယ်ထုတ်ကာ "တာလိတပ်ဖွဲ" တွေကို တိုက်ထုတ်ဖို့ကြိုးစားခဲ့သလို "တာလိဘုရင်" ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ "ရွှေဓါးအဖွဲ့" ကလည်း "ပဉ္စမံတပ်ဖွဲ့" ကို ဖော်ထုတ်ဖြိုခွဲဖို့ ကြိုးစားခဲ့ပါတယ်။
"ရွှေဓါးအဖွဲ့" ရဲ့ လက်ချက်နဲ့ "အမှတ် ၁ ပဉ္စမံတပ်ဖွဲ့" နဲ့ "အမှတ် ၂ ပဉ္စမံတပ်ဖွဲ့" တို့ ပြိုကွဲသွားပြီးနောက် "အမှတ် ၃ ပဉ္စမံတပ်ဖွဲ့" ဝင်တစ်ဦးဖြစ်သူ ကြယ်ကလေး "စုစု" ဟာ မင်းသားလေး "တန်ချင်း" ကို "ကောက်ကျင်းနယ်" ရောက်အောင် ပြန်လည်ခေါ်ဆောင်သွားဖို့ ပုခုံးပြောင်းတာဝန်ယူခဲ့ရပါတယ်။
ဒီလိုနဲ့ "ရွှေဓါးအဖွဲ့" ရဲ့ ရန်ကိုရှောင်တိမ်းရင်း ကြယ်ကလေး "စုစု" နဲ့ မင်းသားလေး "တန်ချင်း" တို့ ကောက်ကျင်းနယ်ကို ပြန်လာခဲ့ကြရာမှာ "စုစု" ဟာ မင်းသားလေး "တန်ချင်း" ရဲ့ ဦးဆောင်မှုအရည်အချင်းကို မယုံမကြည် ဖြစ်လာသလို နယ်ချဲ့မန်ချူးတွေနဲ့ ပူးပေါင်းနေတဲ့ အိမ်ထိန်းကြီး "လုထိန်" ဦးဆောင်တဲ့ "ပဉ္စမံတပ်ဖွဲ့" ရဲ့ လှုပ်ရှားမှုတွေမှာလည်း သံသယဖြစ်စရာတွေ တွေ့ရှိလာခဲ့ပါတယ်။
အဲဒီနောက် ကြယ်ကလေး "စုစု" တစ်ယောက် "ရွှေဓါးအဖွဲ့" က ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ "ရီကျင်း" နဲ့ "ရီစန်း" တို့နဲ့ ဆုံတွေ့ရပြီး အကြံအစည်ကြီးလှတဲ့ အိမ်ထိန်းကြီး "လုထိန်" ရဲ့ လှည့်ကွက်တွေကို သိလိုက်ရပြီးနောက် ... ။
📚 ၂ အုပ်တွဲ