တရုတ်ပြည်ရဲ့ လက်ရှိ ဘုရင်လေးဟာ အသက်ငယ်ရွယ်ပြီး အုပ်ချုပ်မှုစွမ်းရည် ညံ့ဖျင်းတာကြောင့် အမတ်ကြီး "လူးချိန်" နဲ့ ကိုယ်ရံတော်တပ်မှူးချုပ် "ချောင်ယီ" တို့က ဘုရင့် အာဏာအရပ်ရပ်ကို ထိန်းချုပ်ကာ ထင်ရာစိုင်းနေခဲ့ပါတယ်။
"လူးချိန်" နဲ့ "ချောင်ယီ" တို့ဟာ သူတို့ရဲ့ ဘက်တော်သားမဟုတ်တဲ့ မှူးကြီးမတ်ရာ၊ မြိုစားနယ်စား အားလုံးကို စွပ်စွဲချက်အမျိုးမျိုးနဲ့ လုပ်ကြံဖယ်ရှားလေ့ရှိပြီး အဲဒီအထဲမှာ အများပြည်သူ ချစ်ခင်လေးစားတဲ့ ပေါ်ရန်မြို့စား "ကျူပေါက်စိန်" လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
"ပေါ်ရန်မြိုစားကြီး" အဖမ်းခံခဲ့ရပြီးနောက် သမီးတော် "အူယုံ" မင်းသမီးလေးဟာ မယ်တော်၊ မောင်တော်၊ နောက်ပါအခြွေအရံအနည်းငယ်နဲ့အတူလွတ်မြောက်သွားပေမယ့် ယခင်က ဖခင်ရဲ့ ကျေးဇူးခံ ကျေးဇူးစားရှိဖူးသူတွေကလည်း "ချောင်ယီ" တို့ကို ယှဥ်ပြိုင်အံမတုရဲကြတာကြောင့် "အူယုံ" တို့လူစုဟာ ခိုလှုံစရာနေရာမရှိဘဲ ဝရမ်းပြေးအဖြစ် ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။
ဒါပေမဲ့ အသည်းကွဲဓါးသမား "ဟိုက်ဝူရန်" နဲ့ သူ့ရဲ့ချစ်သူဟောင်း ရွှေပျံလွှား "ဖန်ရိုးစစ်" တို့ကတော့ မင်းသမီးလေး "အူယုံ" ကို ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့အတွက် အသက်ရှူချောင်ခဲ့ရပြီး နောက်ကလိုက်လံဖမ်းဆီးနေတဲ့ နေပြည်တော်တပ်ဖွဲ့တွေရဲ့ရန်က ရှောင်တိမ်းနိုင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ "ဟိုက်ဝူရန်" ဟာ "အတင်မှိန်"ဂိုဏ်းသား၊ "အနောက်တောင်သိုင်းဂိုဏ်း" ခေါင်းဆောင် "ရှောက်ရီကျိ" ထိန်းသိမ်းထားတဲ့ "ရတနာသိုက်မြေပုံ" နဲ့ "လျှို့ဝှက်သံမဏိသိုင်းကျမ်း" ကို အမွေဆက်ခံရရှိထားသူဖြစ်တာကြောင့် "ရှောက်ရီကျိ" ရဲ့ လမ်းညွှန်ချက်အတိုင်း ရတနာတွေရှာဖွေပြီး "တိဗက်ပြည်သူ" တွေကို ကူညီပေးဖို့ တာဝန်ကလည်း ရှိနေပြန်ပါတယ်။
အဲဒီ "ရတနာသိုက်" နောက်ကို "ဗျိုင်းဖြူခေါင်းလစ်"၊ "ဓါးတစ်ချက်" နဲ့ "ဖုန်းလိုင်ရိ" တို့ ဦးဆောင်တဲ့ "မပျော်ရွှင်ဂိုဏ်း"၊ အဝတ်ဖြူလင်မယား၊ "ဆွတ်နီအဖွဲ" က "လိုချန်ကြင်း"၊ "ပူတာလနန်းတော်" က "ကျခက်ဟန်ဘ" စတဲ့ သိုင်းလောကသားတွေက တကောက်ကောက်လိုက်နေကြတဲ့အတွက် "ဟိုက်ဝူရန်" ဟာလည်း အန္တရာယ်ဝိုင်းနေခဲ့ရပါတယ်။
တစ်ကြိမ်မှာတော့ မင်းသမီးလေး "အူယုံ"၊ "မယ်တော်" နဲ့ "မောင်တော်လေး" ကို "မပျော်ရွှင်ဂိုဏ်း" က ဖမ်းဆီးမိသွားခဲ့ပြီး နေပြည်တော် က "ချောင်ယီ" တို့ လူစုနဲ့ အပေးအယူလုပ်ဖို့ ပြင်ဆင်ခဲ့သလို "ရှောင်ရီကျိ" ရဲ့ "ရတနာသိုက်မြေပုံ" ကိုလည်း မပျော်ရွှင်ဂိုဏ်းချုပ်ဖြစ်တဲ့ "ဗျိုင်းဖြူခေါင်းလစ်" က ရယူသွားခဲ့ပြန်ပါတယ်။
ဒါပေမဲ့ "တိဗက်ဘာသာ" နဲ့ရေးသားထားတဲ့ "ရတနာသိုက်မြေပုံအညွှန်းဘာသာပြန်" ကိုတော့ "ဟိုက်ဝူရန်" က ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့အတွက် "ဗျိုင်းဖြူခေါင်းလစ်" လည်း ရတနာတွေကို ရှာဖွေဖို့ ဘယ်လိုမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ "ဟိုက်ဝူရန်" တစ်ယောက် ဝိုင်းဝန်းလုယက်နေသူတွေရဲ့ကြားက ရတနာတွေကို အရယူနိုင်ခဲ့တဲ့အတွက် "တိဗက်ဘုရင်" ကတဆင့် ပြည်သူတွေဆီ ပေးဝေနိုင်ခဲ့ပြီး "မပျော်ရွှင်ကျွန်း" မှာ ဖမ်းဆီးခံထားရတဲ့ မင်းသမီးလေး အူယုံ တို့ မိသားစုကို ပြန်လည်ကယ်တင်နိုင်ဖို့ ကြိုးစားရတဲ့အခါ ... ။
📚 ၉ အုပ်တွဲ