မန်ချူးဘုရင် "ချန်းလုံ" ဟာ "ကျိနန်နယ်" က မိန်းကလေး "ရှယီးဟို" ကို တွေ့မြင် ချစ်ကြိုက်ခဲ့ပြီးနောက် ၃ လအကြာမှာ လက်ထပ်မယ်လို ကတိပေးကာ နန်းတွင်းပြန်သွားခဲ့ပေမယ့် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့အထိ မဆက်သွယ်ခဲ့တာကြောင့် "ရှယီးဟို" တို့ မိသားစုလည်း အရှက်တကွဲဖြစ်ခဲ့ရပြီး ဖခင်မရှိဘဲ မွေးဖွားလာခဲ့ရသူ မိန်းကလေး "ကျိဖေး" အတွက် အဖိုးအဖွားတွေဟာ စိတ်ထိခိုက်သေဆုံးခဲ့ရပါတယ်။
"ကျိဖေး" ရဲ့ ဖခင်ဟာ ဘုရင် "ချန်းလုံ" ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို "ရှယီးဟို" ဟာ မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အထိ ဖွင့်မပြောဖြစ်ခဲ့ပေမယ့် သမီးလေး "ကျိဖေး" ၁၈ နှစ်အရွယ် ရောက်လာချိန်၊ သူမရဲ့ နောက်ဆုံးအချိန် ရောက်လာချိန်မှာတော့ ဖွင့်ပြောပြခဲ့ပြီး လက်ရေးမူပါတဲ့ ယပ်တောင်တစ်ချောင်း၊ ပန်းချီကားတစ်ချပ်နဲ့အတူ "ပီကင်းနေပြည်တော်" ကို စေလွှတ်ခဲ့ပါတယ်။
"ရှယီးဟို" ကွယ်လွန်သွားပြီးနောက် မင်းသမီးလေး "ကျိဖေး" ဟာ ပိုင်ဆိုင်မှုတွေကို ရောင်းချကာ အိမ်ဖော် "ကျင်းရှိ" နဲ့အတူ "ပီကင်းနေပြည်တော်" ကို ရောက်ရှိလာခဲ့ပေမယ့် ဖခင်ဘုရင် ကို ဘယ်လိုမှတွေ့ခွင့်မရဘဲ အခက်အခက်ကြုံတွေ့ခဲ့ရပြီး လမ်းပေါ်မှာ ကျင်လည်နေတဲ့ မိန်းမလည်မလေး "ရှောင်ယန်းကျိ" နဲ့ သွေးသောက်ညီအစ်မ ဖွဲခဲ့ကြပါတယ်။
အဲဒီနောက် "ရှောင်ယန်းကျိ" ရဲ့ အကြံပေးချက်အရ ဘုရင် "ချန်းလုံ" အမဲလိုက်ရာ တောအုပ်ထဲကို "ကျိဖေး" တို ၃ ယောက်သား အတူ ခိုးဝင်ခဲ့ကြပေမယ့် လမ်းခရီးပင်ပန်းခက်ခဲမှုကြောင့် လမ်းတစ်ဝက်မှာ "ကျိဖေး" တို့ နေရစ်ခဲ့ကြပြီး "ရှောင်ယန်းကျိ" ကိုပဲ "ပန်းချီကား၊ ခေါက်ယပ်တောင်" တို့နဲ့အတူ စေလွှတ်ခဲ့ပါတယ်။
တောအုပ်ထဲရောက်သွားတဲ့ "ရှောင်ယန်းကျိ" ဟာ မတော်တဆ မြားထိမှန်ခံခဲ့ရတာကြောင့် နန်းတွင်းမှာ ၁၀ ရက်ခန့် ဆေးကုသခဲ့ရပြီး "ပန်းချီကား" နဲ့ "ခေါက်ယပ်တောင်" ကို တွေ့မြင်သွားတဲ့ ဘုရင် "ချန်းလုံ" က သမီးတော်အဖြစ် သတ်မှတ်မြှောက်စားခဲ့သလို အလိုလိုက် ချစ်မြတ်နိုးခဲ့တဲ့အတွက် "မေတ္တာ" ရော၊ "ဥစ္စာပါ" ငတ်မွတ်နေတဲ့ "ရှောင်ယန်းကျိ" ကလည်း အဖြစ်မှန်ကို ဖွင့်မပြောဘဲ ခေတ္တ ဆိုင်းငံ့ထားခဲ့ရာက နောက်ဆုံးမှာ ဖွင့်ပြောလိုက်တာနဲ့ သေဒဏ်ကျခံရနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။
ကနဦးမှာတော့ မင်းသမီးလေး "ကျိဖေး" ဟာ "ရှောင်ယန်းကျိ" ကို သစ္စာဖောက်သွားပြီလို ထင်မှတ်ခဲ့ပေမယ့် ပဉ္စမမြောက် မင်းသားလေး "ယုန်းချီ"၊ မင်းမျိုး မင်းနွယ်တွေဖြစ်တဲ့ "နီခမ်း"၊ "နီထိုက်" တိုရဲ့ အကူအညီနဲ့ "ရှောင်ယန်းကျိ" တစ်ယောက် နန်းတွင်းက ခိုးထွက်လာခဲ့ပြီး အခြေအနေတွေကို ရှင်းပြတောင်းပန်တဲ့အခါမှာတော့ သဘောပေါက်နားလည်သွားတဲ့ "ကျိဖေး" က "ရှောင်ယန်းကျိ" နဲ့ တကွ ပတ်သက်နေသူအားလုံး အသက်ချမ်းသာရာ ရစေဖို့အတွက် အဝေးတစ်နေရာကို ထွက်ခွာသွားဖို ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ "ရှောင်ယန်းကျိ" ကတော့ "ကျိဖေး" ရဲ့ နေရာအမှန်ကို ပြန်လည်ပေးအပ်ဖို့ လက်မလျှော့ခဲ့ဘဲ "နီခမ်း" နဲ့ ချစ်သူတွေဖြစ်လာတဲ့မင်းသမီးလေး "ကျိဖေး" ကို နန်းတွင်းသူအဖြစ် ခေါ်သွင်းပြီး ဘုရင် "ချန်းလုံ" ရဲ့ ချစ်ခြင်းမေတ္တာရရှိသွားတဲ့အခါမှ အဖြစ်မှန်ကို ဖွင့်ပြောဖို အကြံရခဲ့ပါတယ်။
ဒီလိုနဲ့ "ကျိဖေး" နဲ့ "ကျင်းရှိ" တို့ဟာ "ရှောင်ယန်းကျိ" ရဲ့ အခြွေအရံတွေအဖြစ် နန်းတော်ထဲ ရောက်ရှိလာခဲ့ကြပြီးနောက် နဂိုကတည်းက "ရှောင်ယန်းကျိ" ကို မယုံသင်္ကာ ဖြစ်နေတဲ့ မိဖုရားကြီးဟာ "ကျိဖေး" ကို အငြှိးထား နှိပ်စက်ခဲ့တဲ့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အချိန်အနည်းငယ်အတွင်းမှာပဲ သူတိုရဲ့ ရည်ရွယ်ချက်အတိုင်း ဘုရင် "ချန်းလုံ" ရဲ့ ချစ်ခင်မှုကို ခံခဲ့ရပါတယ်။
အဖြစ်မှန်ကို ဖွင့်ပြောဖို သတ္တိမွေးနေကြစဥ်မှာပဲ တစ်ရက်မှာတော့ ရုပ်ဖျက်ပြီး တိုင်းခန်းလှည့်လည်တဲ့ ဘုရင် "ချန်းလုံ" နဲ့အတူ "ကျိဖေး" တို လူစုလည်း လိုက်ပါခွင့်ရခဲ့တာကြောင့် မင်းသားလေး "ယုန်းချီ" နဲ့ "ရှောင်ယန်းကျိ"၊ "နီခမ်း" နဲ့ "ကျိဖေး" တို စုံတွဲလေးတွေအတွက် အပျော်ရွှင်ရဆုံး ခရီးတစ်ခုဖြစ်ခဲ့ရပေမယ့် ဘုရင် "ချန်းလုံ" ကို လုပ်ကြံလိုသူတစ်စု ရဲ့ တိုက်ခိုက်မှုကိုလည်း ကြုံတွေ့ခဲ့ရပြီး ဘုရင် "ချန်းလုံ" ကို လုပ်ကြံတဲ့ဓါးချက်ကို "ကျိဖေး" က ကိုယ်စားဝင်ခံပေးလိုက်တဲ့အခါ ... ။
📚၄ အုပ်တွဲ