မိဘမဲ့ မိန်းကလေး "မိုင်ချင်းချင်း" ဟာ "ချယ်ရီဘွားဘွား" ထံမှာ သိုင်းပညာသင်ယူပြီးနောက် သိုင်းလောကထဲ ဆင်းလာခဲ့စဥ် "ဝေရိထန်"၊ "ယန်းစီး" နဲ့ "မာချင်းယန်" တို့နဲ့ ဆုံမိခဲ့ပြီး သူတို ၃ ယောက်လုံးက "မိုင်ချင်းချင်း" ရဲ့ အချစ်ကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။
အထူးသဖြင့် "မာချင်းယန်" က "မိုင်ချင်းချင်း" ကို ရယူဖို့ အတင်းအကျပ် ကြိုးစားခဲ့တဲအတွက် "မိုင်ချင်းချင်း" လည်း ထွက်ပြေးရင်း ချောက်ထဲပြုတ်ကျကာ အချစ်မြှုပ်တောင်ကြားရှင် "လျှူရှန်ချီ" ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ဒါပေမဲ့ "မိုင်ချင်းချင်း" ကို ဓါးမြှုပ်တောင်ကြားရှင် "ရိချင်ဖုံး" က ကယ်တင်ပေးခဲ့တာကြောင့် အသက်ရှင် လွတ်မြောက်ခဲ့ပြီး ချစ်သူကို ၁၈ နှစ်လုံးလုံး စောင့်ဆိုင်းနေခဲ့သူ ၃၈ နှစ်အရွယ် "ရိချင်ဖုံး" ကို ၁၇ နှစ်သမီးလေး "မိုင်ချင်းချင်း" က စိတ်ဝင်စားမိခဲ့ပါတယ်။
ဒါကြောင့် "မိုင်ချင်းချင်း" လည်း "ရိချင်ဖုံး" နောက် တကောက်ကောက်လိုက်ရင်း ရင်းနှီးမှုရဖို့ ကြိုးစားခဲ့ပေမယ့် အသက်အရွယ် ကွာဟနေတဲ့အပြင် ချစ်သူ "ရင်ကျန်ချင်" ကိုသာ တန်းတန်းစွဲ ဖြစ်နေတာကြောင့် "ရိချင်ဖုံး" က "မိုင်ချင်းချင်း" ကို ခပ်မှန်မှန်ပဲ ဆက်ဆံခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကကို စိုးမိုးချုပ်ကိုင်လာတဲ့ "တစ်ခုတည်းဂိုဏ်း" ဟာ သိုင်းအဖွဲအစည်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် အဖြူရောင်သိုင်းလောကသားတွေ စုစည်းပြီး "တစ်ခုတည်းဂိုဏ်း" ကို ဖြိုခွင်းဖို့ ကြိုးစားကြပါတယ်။
မမျှော်လင့်ဘဲ "ရိချင်ဖုံး" တစ်ယောက် "တစ်ခုတည်းဂိုဏ်း" ရဲ့ ဂိုဏ်းချုပ် "မေရင်စု" ဟာ သူ ၁၈ နှစ်လုံးလုံး စောင့်မျှော်ခဲ့တဲ့ ချစ်သူ "ရင်ကျန်ချင်" မှန်း သိရှိသွားတဲ့အခါ "တစ်ခုတည်းဂိုဏ်း" ကို "လက်ထောက်ဂိုဏ်းချုပ်" အဖြစ်ဝင်ရောက်သွားတာကြောင့် "ရိချင်းဖုံး" ကို စိတ်ဝင်စားနေတဲ့ "မိုင်ချင်းချင်း" လည်း "ယန်ချင်း" အဖြစ် အမည်ပြောင်းပြီး "တစ်ခုတည်းဂိုဏ်း" ကို ဝင်ရောက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ချောမောတဲ့ ရုပ်ရည်အားကိုးနဲ့ယောက်ကျားများစွာကို အသုံးချခဲ့သူ "မေရင်စု"၊ ချစ်သူအပေါ် စွဲလန်းစိတ်များလွန်းတဲ့ "ရိချင်းဖုံး" နဲ့ ဆယ်ကျော်သက်မလေး "မိုင်ချင်းချင်း" တို့ရဲ့ဇာတ်လမ်းဟာ ... ။
📚၄ အုပ်တွဲ