သိုင်းလောကမှာ ဇာတ်လိုက်မှန်ရင် ချောက်ထဲကျလို့ သေရိုးထုံးစံ မရှိပါဘူး။
ချောက်ထဲပြုတ်ကျတဲ့ ဇာတ်လိုက်တွေဟာ အသက်မသေတဲ့အပြင် ဆရာကောင်းနဲ့ တွေ့တာ၊ ရှားပါးတဲ့ သိုင်းကျမ်းကိုရတာ၊ ထူးဆန်းတဲ့ အသီး၊ အပွင့်၊ အရွက်၊ အကောင်စားရပြီး အတွင်းအားမြင့်မားလာတာတွေပဲ ကြုံရလေ့ရှိပါတယ်။
"သိုင်းလောက Page" ရဲ့ ဒီတစ်ပတ် စုစည်းပေါင်းချုပ်သိုင်းဇာတ်ထုပ် ကဏ္ဍမှာတော့ အဲဒီလိုဇာတ်လမ်းမျိုးတွေကို ဖတ်ချင်သူ သိုင်းလောကသားတွေအတွက် ချောက်ထဲကျတဲ့ဖိုးကံကောင်းတွေ အကြောင်းကို စုစည်း ဖော်ပြလိုက်ပါတယ်။
Page မှာ မတင်ရသေးတဲ့ ချောက်ထဲကျတဲ့ဖိုးကံကောင်းတွေကိုလည်း Page မှာ တင်ပြီးတာနဲ့ Update ထပ်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
အရှေ့ကျွန်းမင်းသား "ဖန်ချိရှန်" ရဲ့ တိုက်ခိုက်မှုကြောင့် ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ နတ်ဓါး "ဆုကန်" ရဲ့ သိုင်းကျမ်းစာအုပ်ရရှိခဲ့။
ရန်သူတွေရဲ့လက်ချက်ကြောင့် ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ မှိုတွေစားပြီး အတွင်းအား တိုးလာခဲ့။
ရန်သူတွေရဲ့လက်ချက်ကြောင့် ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ မှိုတွေစားပြီး အတွင်းအား တိုးလာခဲ့။
မန်ချူးတွေရဲ့လက်ချက်ကြောင့် ချောက်ထဲပြုတ်ကျပေမယ့် အသက်မသေဘဲ မြွေနဂါးသခင်မ ဟွာချင်ချင် က ကယ်တင်ခဲ့။
မတော်တဆ ချောက်ထဲပြုတ်ကျပေမယ့် အသက်မသေဘဲ ရွှေမွှေးလူဝံ၊ ငွေမွှေးလူဝံ တို့က သိုင်းပညာသင်ပေးခဲ့။
လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့အတွက် ထွက်ပြေးရင်း ချောက်ထဲပြုတ်ကျပေမယ့် အသက်မသေဘဲ အဘွား ချီယင် က ကယ်တင်ကာ သိုင်းပညာသင်ပေးခဲ့။
သံအင်္ကျီသိုင်းသမား မာချင်းယန် က လက်ထပ်ဖို့ ကြိုးစားတဲ့အတွက် ထွက်ပြေးရင်း ချောက်ထဲပြုတ်ကျပေမယ့် အသက်မသေဘဲ ၃ ရွက်အသီး စားမိပြီး အတွင်းအားတိုးလာခဲ့။
ပညာသင်ဘက် လူချီ ရဲ့ အကောက် ကြံမှုကြောင့် ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ ယင်စန်းဂိုဏ်း ရဲ့ သိုင်းပညာကို ရရှိခဲ့။
နတ်လေးပါးဂိုဏ်းချုပ် စီးမင်းကိုဝေ ရဲ့လက်ချက်နဲ့ ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ နတ်လေးပါးဂိုဏ်းချုပ်ဟောင်းရဲ့ ထျန်းစန်းနတ်ဓါးသိုင်းနဲ့ ရှောင်းယောင်အတွင်းအားပညာ ရရှိခဲ့။
သက်ခြွေမယ်တော် "ယန့်တကု" ရဲ့သား "ချိုဝေရဲ" ဟာ ရန်သူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံရပြီး လျှိဝှက်တွင်းနက်တစ်ခုထဲ ပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ တိဗက်လားမား "ကျားရှန်" ရဲ့ "ရေခဲတောင်ဓါးပညာ" ကို ရရှိခဲ့။
အဆိပ်ဘုရင် "ကန်းယုဝေး" ရဲ့ လက်ချက်နဲ့ ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ "မိုးကောင်းကင်" ဂိုဏ်းချုပ် "တန်မင်းစွေ့" ရဲ့ "စက်ဝိုင်းလေးကွက် သိုင်းတစ်ဝက်" သိုင်းကျမ်းနဲ့ "ယက္ခ" ဂိုဏ်းချုပ် "လောင်ထိုက်" ရဲ့ "လက်ဝါးတစ်ချက် သွေးတစ်ပွက်" သိုင်းကျမ်း ရရှိခဲ့။
သိုင်းဘုရင် "ထင်းကျိ" နောက်ဆုံးနေထိုင် ခေါင်းချခဲ့ရာ ကျောက်လိုဏ်ဂူထဲ ပြုတ်ကျခဲ့ရာက "ထင်းကျိ" ရဲ့ ရတနာပစ္စည်း ၃ မျိုးဖြစ်တဲ့ "ရတနာဓါး"၊ "ကြာရိုးဆီ" နဲ့ "ပုလဲဝါ" နဲ့ သိုင်းပညာကို ရရှိခဲ့။
"ကွမ်ကျင်ရှားကျောင်းတော်" ကို ပို့ပြီး သိုင်းပညာသင်ကြားဖို့ စီစဥ်နေစဥ် ဓါးပြတွေရဲ့လက်ချက်နဲ့ ချောက်ထဲပြုတ်ကျသွားခဲ့ပေမယ့် အသက်မသေဘဲ ၃ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့။
မိုးပျံလက်ဝါး "စုတာရှင်" ရဲ့ အကောက်ကြံမှုကြောင့် ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ "ဆံနီလူထူးဆန်းကြီး" ထံက "အင်္ဂါမစုံ ဓါးသိုင်းပညာ" ရရှိခဲ့။
မြောက်ပိုင်း "ဝေသိမ့်ကို" ရဲ့လက်ချက်နဲ့ ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ "လျှိဝှက်အတွင်းအားကျင့်စဥ်" ရရှိခဲ့။
ဓားဘုရင် "ချီဟန်စန်း" ရဲ့ဓားချက်နဲ့ ချောက်ထဲ ပြုတ်ကျခဲ့ပေမယ့် "ချိုင်းထောက်ဖိန်ကျုံ" ရဲ့ ကူညီမှုကြောင့် အသက်မသေခဲ့။
ရန်သူတော်ကြီး "လော်ကျိရိ" ရဲ့ လက်ချက်ကြောင့် အဆိပ်မိပြီး ချောက်ထဲ ပြုတ်ကျခဲ့ပေမယ့် အသက်မသေတဲ့အပြင် သိုင်းပညာဆန်းတွေ ရရှိခဲ့။
"မြေခွေးဂိုဏ်း" ရဲ့ လက်ချက်ကြောင့် "ငရဲတွင်းချောက်" ထဲ ပြုတ်ကျသွားခဲ့ပေမယ့် အသက်မသေဘဲ "ဝံပုလွေဂိုဏ်း" ရဲ့ "ဝံပုလွေသိုင်း ၁၃ ကွက်" ကို ရရှိခဲ့။
"အတိုင်းအဆမဲ့ဓါးဂိုဏ်း" ရဲ့ လက်က ထွက်ပြေးရင်း ချောက်ထဲကျပြီး "ပန်းပုသူဇာရုပ်တု" လိုဏ်ဂူထဲက "ပေမိန်နတ်သိုင်း"၊ "ရေလှိုင်းမာန်နှင့် ခြေသိုင်းဟန်" ခြေကွက်သိုင်းကိုရရှိခဲ့။
ကျူးချန်လင် ရဲ့ အကောက်ကြံမှုကြောင့် ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေဘဲ ဖားနီသားစားပြီး အအေးဓါတ်အဆိပ် အတော်များများ ပြေပျောက်ခဲ့တဲ့အပြင် မျောက်ဗိုက်ထဲက နေစကြာသိုင်းကျမ်း ရရှိခဲ့။