မိုးကြိုးလက်ဝါး "လုံပါချင်း" နဲ့ မိုးကြိုးဓါးသမား "လီကျန့်ထင်" တို့ဟာ မိုးကြိုးသခင် "ကုန်ချင်းလျှံ" ရဲ့ တပည့် နှစ်ဦးဖြစ်ကြပြီး "လျှူဟူထိုက်"၊ "လုံစိန်"၊ "လျှံဟွမ်း" နဲ့ "သန်းရီ" တို့ကတော့ မိုးကြိုးလက်ဝါး "လုံပါချင်း" ရဲ့ တပည့်တွေ ဖြစ်ကြပါတယ်။
တစ်ရက်မှာတော့ အနက်ရောင်သိုင်းသမားတွေကို သုတ်သင်ရှင်းလင်းနေတဲ့ "ပန်းပွင့်သခင်" ရဲ့ လက်ချက်နဲ့ မိုးကြိုးလက်ဝါး "လုံပါချင်း" ရုတ်တရက် သေဆုံးသွားတဲ့အခါ အနီးမှာရှိနေသူ "လျှူဟူထိုက်" ဟာ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့အတွက် ထွက်ပြေးရင်း ချောက်ထဲကျ၊ မြစ်ထဲမျောပါပြီး အဘွား "ချီယင်" နဲ့ မြေးမလေး "စွမ်းစွမ်း" တို့က ကယ်တင်ပေးခဲ့ရပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကမှာ "ကြယ်တာရာသခင်လေး" ဦးဆောင်တဲ့ လျှို့ဝှက်ဂိုဏ်းတစ်ခု ပေါ်ပေါက်လာပြီး အဆိပ်ကိုအသုံးပြုကာ သိုင်းသမားတွေကို ထိန်းချုပ်တဲ့နည်းလမ်းနဲ့ သိုင်းလောကကို ချုပ်ကိုင်စိုးမိုးဖို့ ကြိုးစားနေတာကြောင့် အဖြူရောင်သိုင်းသမားတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။
"လုံပါချင်း" ရဲ့သမီး "ရှောင်ရီဖုန်း" ကတော့ ဖခင်ကိုသတ်သူဟာ "လျှူဟူထိုက်" မဖြစ်နိုင်မှန်း ယူဆထားပြီး ဘကြီးဖြစ်သူ "ဝမ်စုချီ" နဲ့အတူ တရားခံကို လိုက်လံစုံစမ်းနေစဥ် နေပြည်တော်က သိမ်းငှက်ထောက်လှမ်းရေးအဖွဲဝင် "မုယုံကျင်း" နဲ့ ဆုံတွေ့ရင်းနှီးခဲ့ကြပြီး "ကြယ်တာရာသခင်လေး" ကို စုံစမ်းဖော်ထုတ်ရာမှာလည်း တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့ပါတယ်။
တဖက်မှာလည်း "လျှူဟူထိုက်" ဟာ "ချီယင်" တို့ မြေးအဖွားရဲ့ ကျေးဇူးကြောင့် သိုင်းပညာအဆင့် ပိုမြင့်လာတဲ့အပြင် ဆရာဖြစ်သူ "လုံပါချင်း" ရဲ့ အတိတ်က မကောင်းမှုတွေကိုလည်း သိလာခဲ့ရပြီး ဖခင်ရင်းဖြစ်သူ "ချန်လုံဟန်" နဲ့လည်း ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ အဘိုးဖြစ်သူ မိုးကြိုးသခင် "ကုန်ချင်းလျှံ" ရဲ့ သင်ကြားပေးမှုနဲ့ ထိပ်တန်းသိုင်းသမား ဖြစ်လာသူ "လျှူဟူထိုက်" ဟာ အဆိပ်မင်းသမီး၊ ခရေပန်း၊ နန်းယွင်ခက် စတဲ့အမျိုးသမီးတွေရဲ့ အကူအညီနဲ့ ကြယ်တာရာဂိုဏ်း ကို ဖော်ထုတ်နှိမ်နင်းရာမှာတော့ ... ။
📚 ၂ အုပ်တွဲ