တရုတ်ပြည်ကို မန်ချူးဘုရင်တွေ အုပ်ချုပ်နေစဥ်မှာ မန်ချူးဘုရင် "ခုန်းရှီး" ဟာ သူကွယ်လွန်သွားတဲ့အခါ ထီးနန်းလုပွဲတွေ ဖြစ်မလာစေဖို့အတွက် ထီးနန်းဆက်ခံသူအဖြစ် "၁၄ ယောက်မြောက်" သားတော်ရဲ့နာမည်ကို သေတမ်းစာမှာ ရေးသားခဲ့ပေမယ့် "၄ ယောက်မြောက်" သားတော် "ခုထိ" က သိုင်းလောကသားတစ်ဦးဖြစ်သူ "လျှံမွန်ရောက်" ရဲ့အကူအညီနဲ့ သေတမ်းစာကို ခိုးယူပြီး "၄ ယောက်မြောက်" သားတော်အဖြစ် ပြုပြင်ရေးသားကာ နန်းတက်ခဲ့ပါတယ်။
"ခုထိ" ဘုရင် နန်းတက်လာပြီးနောက် "လျှံမွန်ရောက်" ဟာ သေတမ်းစာကို သက်သေအဖြစ် သိမ်းဆည်းထားခဲ့သလို "ခုထိ" ဘုရင်ကလည်း "လျှံမွန်ရောက်" ကို အပြစ်ရှာဖမ်းဆီးပြီး သေတမ်းစာပြန်ရရေးကြိုးစားခဲ့တာကြောင့် "လျှံမွန်ရောက်" ရဲ့မျိုးဆက်တွေဟာ မြေးမြစ်ဖြစ်သူ မိန်းကလေး "လုံလိန်ကျူး" လက်ထက်အထိ နန်းတွင်းက လိုက်လံရှာဖွေသူတွေကို ရှောင်တိမ်းနေထိုင်ခဲ့ရပါတယ်။
အဲဒီအချိန်မှာ သက်ခြွေမယ်တော် "ယန့်တကု" ရဲ့သားဖြစ်သူ "ချိုဝေရဲ" ဟာ ပျောက်ဆုံးနေတဲ့ ညီဝမ်းကွဲ "ယန့်ရန်" ကို ရှာဖွေရင်း "တိဗက်ဒေသ" က "မရဏမြို့တော်" ကို ရောက်ရှိခဲ့စဥ် ရန်သူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံရပြီး လျှို့ဝှက်တွင်းနက်တစ်ခုထဲ ပြုတ်ကျခဲ့ပါတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာ တိဗက်လားမား "ကျားရှန်" နဲ့ဆုံတွေ့ခဲ့တဲ့အတွက် တပည့်အဖြစ် "ရေခဲတောင်ဓါးပညာ" ကို သင်ကြားခွင့် ရခဲ့သလို မျိုးချစ်အဖွဲ့ တစ်ခုဖြစ်တဲ့ "ထင်းစန်းဂိုဏ်း" က မိန်းကလေး "လိန်ပိန်းအော့" နဲ့လည်း ရေစက်ဆုံခဲ့ပါတယ်။
ချစ်သူတွေဖြစ်ကြတဲ့ မန်ချူးတော်လှန်ရေးအဖွဲခေါင်းဆောင် "မိန်းဝမ်ချောင်း" နဲ့ "ယန့်ရန်" ရဲ့မိခင်တို့ဟာ လက်ထပ်မယ့်ဆဲဆဲမှာ "မိန်းဝမ်ချောင်း" က အရေးပေါ်တိုက်ပွဲတစ်ခုကိုသွားရင်း ပြန်ရောက်မလာခဲ့ဘဲ သေဆုံးသွားပြီလို့ သတင်းထွက်လာပါတယ်။
ဒီအတွက် ကိုယ်ဝန်ကြီးနဲ့ အခက်ကြုံနေတဲ့ "ယန့်ရန်" ရဲ့ မိခင်ကို နန်းတွင်းကိုယ်ရံတော် "ယန့်မု" က လက်ထပ်ခဲ့တာကြောင့် "ယန့်ရန်" ဟာ တော်လှန်ရေးသမား "မိန်ဝမ်ချောင်း" ကို ဖခင်ရင်းအဖြစ် အသိအမှတ်မပြုဘဲ နာကျည်း မုန်းတီးနေခဲ့ပါတယ်။
ဒါပေမဲ့ ထင်စန်းဂိုဏ်းချုပ် "ထန်ကျင်းထင်း" ရဲ့ နောက်ဆုံးတပည့်ဖြစ်ခဲ့သူ "ယန့်ရန်" ဟာ သူကိုယ်တိုင်ကတော့ မန်ချူးတွေကို အားပေးထောက်ခံသူ မဟုတ်တဲ့အပြင် မန်ချူးတွေလက်က ရှောင်တိမ်းရင်း နယ်ခြားဒေသမှာ နေထိုင်တဲ့ အဖိုးအို "လုံကန်းလိန်" ဆီမှာ ထပ််မံ တပည့်ခံခဲ့သလို "လုံကန်းလိန်" ရဲ့ မြေး မိန်းကလေး "လုံလိန်ကျူး" နဲ့လည်း သံယောဇဉ် ငြိတွယ်ခဲ့ပါတယ်။
တဖက်မှာလည်း "ချိုဝေရဲ" ရဲ့ မိခင် "ယန့်တကု" နဲ့ ဦးလေး "ယန့်မု" (ယန့်ရန် ရဲ့ ဖခင်) တို့ဟာ မန်ချူးထောက်ခံသူတွေဖြစ်ကြပြီး "လိန်ပိန်းအော့" နဲ့ "လုံလိန်ချူး" တို့ကတော့ မျိုးချစ်ဘက်တော်သားတွေဖြစ်တာကြောင့် လူငယ်တွေရဲ့အချစ်ရေးဟာ မဖြောင့်မဖြူး ရှိနေကြစဥ်မှာ "နန်းတွင်းတပ်မှူး" အဖြစ် ရာထူးတိုးချင်နေတဲ့ "ယန့်မု" က မျိုးချစ်တော်လှန်ရေးခေါင်းဆောင် "မိန်းဝမ်ချောင်း" ကို လုပ်ကြံဖို့ သားဖြစ်သူ "ယန့်ရန်" ကို အသုံးချလာတဲ့အခါ ... ။
📚 ၅ အုပ်တွဲ