မိတ်ဆွေသိုင်းသမားနှစ်ဦးဖြစ်တဲ့ "တန်ဟော်လျန်" နဲ့ "လင်အိန်ထိ" တိုဟာ သူတိုရဲ့ သားသမီးတွေကို ငယ်စဥ်ကတည်းက စေ့စပ်ပေးထားခဲ့ကြပြီး "လင်အိန်ထိ" ရဲ့ သားကြီး "လင်ကျင်းလိုင်" နဲ့ "တန်ဟော်လျန်" ရဲ့ သမီးကြီး "တန်လုံနီ "တို့က တစ်တွဲ၊ "တန်ဟော်လျန်" ရဲ့ သားငယ် "တန်ထိုက်ကျန်" နဲ့ "လင်အိန်ထိ" ရဲ့ သမီးငယ် "လင်ထိုက်လိန်း" တို့က တစ်တွဲ မင်္ဂလာသတ်မှတ်ထားခဲ့ကြပါတယ်။
ဒါပေမဲ့ "လင်ကျင်းလိုင်" ၃ နှစ်သားအရွယ်မှာ "လင်အိန်ထိ" တို မိသားစု ခရီးသွားရင်း "လင်ကျင်းလိုင်" ချောက်ထဲပြုတ်ကျသွားခဲ့တာကြောင့် ချောက်ထဲပြုတ်ကျလာတဲ့ "လင်ကျင်းလိုင်" ကို သိုင်းအကျော်အမော် ၂ ယောက်ဖြစ်တဲ့ ရွှေမွှေးလူဝံ "လောင်ကင်ဟီး" နဲ့ ငွေမွှေးလူဝံ "လူကျန်းဟောက်" တို့က ကယ်တင်ပေးခဲ့ကြပြီး "ယဲ့လန်ရှောင်လုံ" လို အမည်ပေးကာ သိုင်းပညာသင်ကြားပေးခဲ့ပါတယ်။
၁၈ နှစ် ကြာမြင့်ခဲ့ပြီးနောက် "တန်ဟော်လျန်" ရဲ့ သမီးကြီး "တန်လုံနီ " နဲ့ သားငယ် "တန်ထိုက်ကျန်" တို့ အမဲပစ်ထွက်ရင်း ရန်သူတော်ဟောင်းကြီး ဝိညာဥ်ခြွေယပ်တောင် "ယန်ဖိန်းလု" က "တန်လုံနီ" ကို ဖမ်းဆီးသွားတဲ့အတွက် "ယဲ့လန်ရှောင်လုံ" က ကယ်တင်ပေးရင်း သူတို့နှစ်ဦး ရင်းနှီးသွားခဲ့ကြပါတယ်။
အဲဒီနောက် တစ်ဦးပေါ်တစ်ဦး မေတ္တာရှိလာခဲ့ကြပေမယ့် ငယ်စဥ်ကတည်းက စေ့စပ်ထားသူ "လင်ကျင်းလိုင်" ရှိနေတာကြောင့် "တန်လုံနီ" တစ်ယောက် ရှေ့ဆက်တိုးဖို့ အခက်ကြုံနေသလို "ယဲ့လန်ရှောင်လုံ" ကလည်း ကွာခြားနေတဲ့ သူ့ဘဝအခြေအနေကြောင့် ဖွင့်ဟပြောဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။
တဖက်မှာလည်း ရန်သူတော်ဟောင်းကြီး ဝိဉာဥ်ခြွေယပ်တောင် "ယန်ဖိန်းလု" ကလည်း အခွင့်အရေးကို အမြဲစောင့်ဆိုင်းနေခဲ့ပြီး "တန်လုံနီ" ကို ထပ်မံဖမ်းဆီးကာ "ဓါးမဟူရာ" နဲ့ လာရောက်လဲလှယ်ဖို့ "တန်ဟော်လျန်" ကို အကျပ်ကိုင်တဲ့အခါ ...
📚 ၃ အုပ်တွဲ