လူငယ်လေး "ယွင်ကျန်ယိ" ဟာ "တောင်ပိုင်းပုလွေသံရှင် ကုန်းစွန်းဟုန်" ထံက သိုင်းပညာသင်ယူပြီးနောက် ဖခင်ရဲ့ "ကျောက်စိမ်းဓါး" ကို အကောက်ကြံ ရယူထားတဲ့ "မိုးပျံလက်ဝါး စုတာရှင်" ထံ ဓါးပြန်တောင်းရင်း "စုတာရှင်" ရဲ့ အကောက်ကြံမှုကြောင့် ချောက်ထဲကျသွားခဲ့ပါတယ်။
"ယွင်ကျန်ယိ" ဟာ အသက်မသေခဲ့ပေမယ့် ချောက်ထဲက "ဆံနီလူထူးဆန်းကြီး" က အကြံဆိုးနဲ့ သင်ပေးလိုက်တဲ့ "အင်္ဂါမစုံ ဓါးကွက်" သုံးမိတိုင်း စိတ်ရိုင်းဝင်ပြီး လူသတ်မိကာ လူဆိုးတစ်ပိုင်း ဖြစ်နေရတဲ့အပြင် "ကျောက်စိမ်းဓါး" ကို လုယူလိုသူတွေကလည်း သူ့နောက်ကို တကောက်ကောက် လိုက်နေခဲ့ပါတယ်။
အဆိုးဆုံးက ဝူတန်ဂိုဏ်းချုပ်ကြီး "ယိရဲ့ကျင်လိန်" ကို လုပ်ကြံပြီး အပြစ်ပုံချခံခဲ့ရတဲ့အခါ "ယက္ခဘီလူး" ဆိုတဲ့ အမည်ဆိုးနဲ့ သိုင်းလောကမှာ ရန်သူပတ်လည်ဝိုင်းနေတဲ့ "ယွင်ကျန်ယိ" ကို အဖြူရောင် သိုင်းသမားကြီးတွေဖြစ်တဲ့ "နှင်းတောင်ညီနောင်လေးဦး"၊ "မီးအိမ်ရှင်အဖိုးအို"၊ "ဝါးစိမ်းဘိုးဘိုး"၊ "ရွှင်ပျော်ပျော်အဖိုးအို" နဲ့ "ရုပ်ဆိုးအဖိုးကြီး ဝမ်ချုံရှာ" တို့က ဝိုင်းဝန်း ကူညီပေးခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်လိုမှ မတတ်နိုင်တော့ဘဲ သိုင်းလောကဘုံရန်သူဖြစ်လာတဲ့ "ယွင်ကျန်ယိ" ဟာ "ဝံပုလွေဖျံ ဆုတုချိ" နဲ့အတူ ဝင်သွားမိသူတိုင်း ပြန်ထွက်မလာနိုင်တဲ့ "ရုပ်တုတစ်ထောင်ဂူ" ထဲမှာ ပုန်းအောင်းခဲ့ရပါတယ်။
"ရုပ်တုတစ်ထောင်ဂူ" ထဲမှာ တွေ့ရတဲ့ "ပါနီယဘိုးဘိုး" ရဲ့သင်ကြားမှု၊ "မိုးကုတ်စက်ဝိုင်းသီးတော်မြတ်" ရဲ့အစွမ်းနဲ့ သိုင်းစွမ်းမြင့်လာတဲ့ "ယွင်ကျန်ယိ" ဟာ မိန်းမချောလေး "မာယဲ့စင်"၊ မိန်းမလှလေး "စန္ဒာဟန်" တို့နဲ့အတူ သိုင်းလောကသားတွေရဲ့ အထင်မှားမှုကို ဖြေရှင်းဖို့ကြိုးစားရင်း ရန်သူတော် "နာမည်မဖော် မိန်းမကြီး" နဲ့ "ယက္ခကြီး တုစင်" တို့နဲ့ ရင်ဆိုင်မိချိန်မှာတော့ ... ။
📚 ၆ အုပ်တွဲ