လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" (Lu Xiaofeng) ပါဝင်တဲ့ သိုင်းစာအုပ်တွေကို "သိုင်းလောက Page" က စုစည်းဖော်ပြပေးလိုက်ပါတယ်။
စာရေးဆရာကြီး "ကုလုံ" (Gu Long) ရေးသားခဲ့တဲ့ "လုရှောင်ဖုန့် စာစဥ်တွဲ" (Lu Xiaofeng Series) မှာ စုစုပေါင်း စာအုပ် ၇ အုပ် ရှိပါတယ်။ အဲဒါတွေကတော့
၁။ The Legend of Lu Xiaofeng
၂။ The Embroidery Bandi
၃။ Before and After the Duel
၄။ The Silver Hook Gambling House
၅။ Phantom Manor
၆။ The Phoenix Dances in the Nine Heavens နဲ့
၇။ Laughter of the Sword God တို့ ဖြစ်ပါတယ်။
"လုရှောင်ဖုန့်" စာစဥ်တွဲတွေဟာ ၁၉၇၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကား ၇ ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲ ၆ တွဲ ထွက်ရှိခဲ့ပါတယ်။ တချို့အပိုင်းတွေက ကုလုံရဲ့ မူရင်းရေးသားချက်တွေ မဟုတ်ဘဲ ဇာတ်ညွှန်းရေးဆရာတွေရဲ့ ဖြည့်စွက်ချက်တွေပါ။
အဲဒီအထဲမှာ ၂၀၀၇ ခုနှစ်ထွက် The Legend of Lu Xiaofeng - TV Series နဲ့ ၂၀၁၅ ခုနှစ်ထွက် Detectives and Doctors - TV Series တို့ကတော့ လူသိအများဆုံးဖြစ်ပါတယ်။
မြန်မာဘာသာပြန် သိုင်းစာစဥ်တွေအနေနဲ့တော့ စာအုပ် ၁၄ အုပ် (အနည်းဆုံး) ရှိပြီး "တက္ကသိုလ်နေလင်းအောင်" ၊"မိုးကျော်သူ"၊ "မောင်နှင်းဆွေ"၊ "အောင်နှင်းဆွေ"၊ "ဇာနည်ဘွား" နဲ့ "နန္ဒကျော်သူ" တို့က ဘာသာပြန်ဆိုခဲ့ကြပါတယ်။
အဲဒီအထဲမှာ တချို့စာစဥ်တွေက ဇာတ်လမ်းတူစာစဥ်တွေ ဖြစ်ပြီး တချို့စာစဥ်တွေကတော့ ဘာသာပြန်မဟုတ်ပါဘူး။
("ဝဏ္ဏအောင်" ရဲ့ "ကျောက်ဆောင်ကျေးရွာ သိုင်းကမ္ဘာ" စာစဥ်ကတော့ "လုရှောင်ဖုန့်" ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မျက်မမြင် "မန်းလူ"၊ စောရ "ကြယ်တံခွန်" နဲ့ အဘိဓာန် "ဝူးရုံ" တို့ပါဝင်တဲ့ သီးခြားဇာတ်လမ်းတစ်ခုဖြစ်ပြီး ဇာတ်လိုက်ကျော် "လုရှောင်ဖုန့်" တော့ ပါဝင်ခြင်း မရှိပါဘူး)
📔လုရှောင်ဖုန်းနှင့် လျှပ်စစ်ဂဏန်းလက်မ