လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
ချစ်သူ "စုယုံယုံ" နဲ့ အဖော် ၂ ယောက်ဖြစ်တဲ့ "ဟန်ရှူး"၊ "အန်းအော့" တို ပျောက်ဆုံးသွားခဲ့ကြတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်သွားသူလို့ ယူဆရတဲ့ "ပုလဲနက်" ကို ရှာဖွေဖို့ မိတ်ဆွေရင်းတွေဖြစ်ကြတဲ့ သူခိုးဝိဇ္ဇာ ကြယ်ချွေ "ဆက်တူ"၊ ကြက်ဖအိုကြီး "ကျိပင်းရက်" တို့နဲ့အတူ "လုရှောင်ဖုန့်" တစ်ယောက် သဲကန္တာရထဲကို ခရီးထွက်လာခဲ့ပါတယ်။
လမ်းခရီးမှာ "ကွေးရှင်ဘုရင်" ပိုင်ဆိုင်တဲ့ "မိုးသောက်ကြယ်" အမည်ရှိ စိန်ကြီးတစ်လုံးနောက်ကို လိုက်နေကြတဲ့ နတ်ဆိုးမ "ဆက်ကွမ်းရင်း" ရဲ့အဖွဲ့နဲ့ သူတို့အဖွဲ့ ဆုံမိကြရာက တိုက်ခိုက်မှုတွေ ဖြစ်လာပြီး လျှို့ဝှက်ချက်တွေရှိနေတဲ့ "မိုးသောက်ကြယ်" အရှုပ်တော်ပုံထဲမှာ ပါဝင်လာခဲ့ရပြန်ပါတယ်။
"လုရှောင်ဖုန့်" တို့အဖွဲ့ဟာ သစ္စာဖောက်အမတ်တွေကြောင့် နန်းစွန့်ထွက်ပြေးလာရတဲ့ "ကွေးရှင်ဘုရင်" နဲ့ "ပီပါးမင်းသမီး" တို့ကို ဝိုင်းဝန်း ကူညီပေးကြတဲ့အခါ "လုရှောင်ဖုန့်" ရဲ့ မိတ်ဆွေရင်းတစ်ဦး ဖြစ်တဲ့ ကြေးစားလူသတ်သမား "သွေးနီတစ်စက်" ကလည်း ပါဝင်ကူညီပေးခဲ့ပါတယ်။
အဲဒီနောက် "လုရှောင်ဖုန့်"၊ "ကျိပင်းရက်" နဲ့ "သွေးနီတစ်စက်" တို့ဟာ "ဆက်ကွမ်းရင်း" ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ကြရပေမယ့် "ဆက်ကွမ်းရင်း" ရဲ့တပည့်မလေး "ချီးဟူရုံ" ရဲ့ အကူအညီကြောင့် ပြန်လွတ်လာခဲ့ကြပြီး "ကွေးရှင်မိဖုရားကြီး" အဖြစ် ဟန်ဆောင်နေတဲ့ နတ်ဆိုးမ "ဆက်ကွမ်းရင်း" နဲ့ ဆက်လက်ရင်ဆိုင်ကြရတဲ့အခါ ... ။
📚 ၂ အုပ်တွဲ