သိုင်းပညာ ထူးချွန်သလို စွန့်စားရတာကိုမှ ဝါသနာပါသူ နာမည်ကျော် ဇာတ်ကောင် "ချူလျှူရှမ်း" ပါဝင်တဲ့ သိုင်းဇာတ်လမ်း ဖြစ်ပါတယ်။ (တကယ်တော့ လုရှောင်ဖုန့် ဇာတ်လမ်းပါ)
"ချူလျှူရှမ်း" ဟာ သူငယ်ချင်းဖြစ်သူ ဓါးဝိဇ္ဇာ "စီးမင်းချွေ့စွေ့" ရဲ့ ဇနီးကို စော်ကားမိတဲ့အတွက် "စီးမင်းချွေ့စွေ့" ရဲ့ လိုက်လံသတ်ဖြတ်မှုကို တိမ်းရှောင်ရင်း "ဓါးသမား" တည်ထောင်ထားတဲ့ "အမိုက်မှောင်ကျေးရွာ" ကို ရောက်ရှိလာခဲ့ပါတယ်။
"အမိုက်မှောင်ကျေးရွာ" ဟာ သိုင်းလောကမှာ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်လို့မရတော့တဲ့ ပြစ်ချက်ရှိသူတွေ ခိုလှုံရာနေရာတစ်ခုဖြစ်ပြီး "အမိုက်မှောင်ကျေးရွာ" ရဲ့ အရှင်သခင် "ဓါးသမား" ကိုတော့ ဘယ်သူမှ မမြင်တွေ့ဖူးကြပါဘူး။
"အမိုက်မှောင်ကျေးရွာ" ကို ရောက်ရှိလာခဲ့တဲ့ "ချူလျှူရှမ်း" ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ "ဝိယဥ်"၊ "ချိတ်ကလေး"၊ "ဗိုလ်မှူး"၊ "တမန်တော်"၊ "အကိုဝမ်းကွဲ"နဲ့ "မုဆိုးမ" တို့အပြင် "ဓားသမား" ရဲ့ သမီးတွေဖြစ်တဲ့ "ယဲ့လိမ်" နဲ့"ယဲ့စွေ" တို့က အကြိမ်ကြိမ် စမ်းသပ်ခဲ့ကြပြီးနောက် "အမိုက်မှောင်ကျေးရွာသား" အဖြစ် လက်ခံခဲ့ကြပါတယ်။
အဲဒီနောက် ဝူတန်ဂိုဏ်းချုပ် "မေကျင်း" ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်ပွဲမှာ "မိုးကြိုးစစ်ဆင်ရေး" အမည်နဲ့ ဝူတန်ဂိုဏ်းချုပ် "စုငံ"၊ ရှောင်လင်ကျောင်း က "ထိကျင်း"၊ ကယ်ပါဂိုဏ်း က "ဝမ်းဘယ်အိတ်"၊ ချန်ကျန်းမြစ် က "ရေပေါ်ဝဲ"၊ ယန်ထန်နယ် က "ကောင်းဟုန်ချန်း"၊ ပါဆန်းတောင် က "ရှောက်ကု" နဲ့ သိမ်းငှက် "လောက်ချစ်" တိုကို လုပ်ကြံဖို "ဓါးသမား" က စီစဥ်ခဲ့တဲ့အခါ "ချူလျှူရှမ်း" နဲ့ ဓါးဝိဇ္ဇာ "စီးမင်းချွေ့စွေ့"၊ မျက်မမြင် "မန်းလူ"၊ စောရ "ကြယ်တံခွန်" တို့ သူငယ်ချင်းတသိုက်ဟာ "အမိုက်မှောင်ကျေးရွာ" နဲ့ ရင်ဆိုင်ရင်း ... ။
📚 ၂ အုပ်တွဲ