လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန်း" ပါဝင်တဲ့ သိုင်း ဇာတ်လမ်းဖြစ်ပါတယ်။
"သိမ်းငှက်မြို့စားကြီး" ရဲ့ သားတော် "ယိုထင်ပို" ဟာ လောင်းကစားရှုးခဲ့တာကြောင့် အမိန့်တော် "ရွှေတံဆိပ်တုံး" ကို "ရွှေချိတ်လောင်းကစားခန်း" မှာ ခေတ္တပေါင်ထားခဲ့ရာကနေ တံဆိပ်တုံးကို လိုချင်မက်မောသူတွေက ရယူဖို့ သူ့ထက်ငါ အပြိုင်ကြိုးစားကြတဲ့အခါ ... ။
("တက္ကသိုလ်နေလင်းအောင်" ရဲ့ "လှည့်ကွက်ကြားမှ လောဘသားများ"၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ကျောက်စိမ်းဆွဲပြား" ၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်လမ်းဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ