လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"မှော်ဂိုဏ်းချုပ်" ရဲ့သား "ယိုထင်းပေါင်" ဟာ လောင်းကစားရှုံးခဲ့တာကြောင့် "မယ်ဘီလူး ရဲ့ ဆွဲပြား" လို့ခေါ်တဲ့ မှော်ဂိုဏ်းရဲ့အမိန့်ပေး "ကျောက်စိမ်းဆွဲပြား" ကို "ဝေလငါး" လောင်းကစားအိမ်မှာ ခေတ္တပေါင်ထားခဲ့ရာက "ကျောက်စိမ်းဆွဲပြား" ကို လောင်းကစားအိမ်ပိုင်ရှင် "မုတ်ဆိတ်ပြာ" ရဲ့ ဇနီးတစ်ယောက်ဖြစ်သူ "လိရှား" က ခိုးယူထွက်ပြေးသွားတဲ့အတွက် "မုတ်ဆိတ်ပြာ" က "လုရှောင်ဖုန့်" ကို အကျပ်ကိုင်ပြီး "ကျောက်စိမ်းဆွဲပြား" ကို ရှာဖွေခိုင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ "ကျားနက်ဂိုဏ်း" ရဲ့ အဖိုးတန် ရွှေချောင်းတွေကို ကျားပျံ "ယိုဟူး" ရဲ့ ဇနီး "တိန်ရှမ်းရီ" က ခိုးယူထွက်ပြေးလာပြီးနောက် သူ့နောက်က လိုက်လာကြသူတွေရဲ့ရန်က အကာအကွယ်ရစေဖို "လုရှောင်ဖုန့်" ကို တွယ်ကပ်လာသလို "မုတ်ဆိတ်ပြာ" ရဲ့ ဇနီးတစ်ဦးဖြစ်တဲ့ ရေခဲတောင် "လိန်ယိုစွမ်း" (ခ) "ဖန်ရိုရှမ်း" ကလည်း "ကျောက်စိမ်းဆွဲပြား" ကို ရရှိလာပါက သူမလက်ထဲအပ်ဖို "လုရှောင်ဖုန့်" ကို ဆွဲဆောင်ခဲ့ပါတယ်။
အဲဒီနောက် "လုရှောင်ဖုန့်" ဟာ "လိရှား" နဲ့ ချိန်းဆိုထားတဲ့ "ကျန်းနန်နယ်" က သူဌေးကြီး "ကုတုံစန်း" အသွင်ရုပ်ဖျက်ပြီး "လဟာစော" မြို့ကို ရောက်ရှိလာခဲ့ပေမယ့် "လိရှား" အသတ်ခံလိုက်ရတဲ့အတွက် လမ်းစပျောက်သွားတဲ့ "ကျောက်စိမ်းဆွဲပြား" ဟာ လောဘသားကောင်တွေရဲ့ကြားမှာ အဆင့်ဆင့် လက်လွှဲကူးပြောင်းရင်း ... ။
("မိုးကျော်သူ" ရဲ့ "ကျောက်စိမ်းဆွဲပြား"၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "လှည့်ကွက်ကြားမှလောဘသားများ"၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်လမ်းဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။)
📚၂ အုပ်တွဲ