တာ့လီပြည် (သို့မဟုတ်) တာလိပြည် [Dali] ဆိုတာ သိုင်းလောကသားတွေနဲ့ ရင်းနှီးပြီးသား အမည်တစ်ခုဖြစ်ပါတယ်။
၈ ရာစုနှစ်ကနေ ၁၃ ရာစုနှစ်အထိ ကိုယ့်မင်း ကိုယ့်ချင်း ရပ်တည်နိုင်ခဲ့တဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့ "တာ့လီပြည်" ဟာ အခုအခါမှာတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ ရှေးဟောင်းမြိုတော် ဖြစ်လာခဲ့ပါတယ်။
သိုင်းစာစဥ်တွေမှာ "တာ့လီပြည်" အကြောင်း မကြာ ခဏ ပါဝင်လေ့ရှိသလို တာ့လီပြည်သား ဇာတ် ကောင်တွေကိုလည်း စာရေးဆရာတွေက အတော်များများ ဖန်တီးထည့်သွင်းခဲ့ကြပါတယ်။
စာရေးဆရာကြီး "ကျင်းယုံ" ရေးသားခဲ့တဲ့ "Demi-Gods and Semi-Devils" ဝတ္ထုရှည်ကြီးရဲ့ အထင်ကရ ဇာတ်လိုက်တစ်ဦးဖြစ်သူ မင်းသားလေး "သွမ်ယိ" ကတော့ အထင်ရှားဆုံးသော "တာ့လီပြည်သား" တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် "သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "စုစည်းပေါင်းချုပ် သိုင်းဇာတ်ထုပ်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက သိုင်းစာစဥ်တွေအထဲ ပါဝင်တဲ့ တာ့လီပြည်သားသိုင်းသမား တွေအကြောင်း ဖြစ်ပါတယ်။
အဲဒီ တာ့လီပြည်သားသိုင်းသမား အများစုဟာ အဓိကဇာတ်လိုက်နေရာက ပါဝင်သူတွေဖြစ်ပြီး အချို့ကတော့ အရေးကြီးဇာတ်ကောင်နေရာက ပါဝင်ကြပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။