တရုတ်နန်းတွင်းအရာရှိ "စန်ကျုံးယင်" က ကောက်ယူမွေးစားပြီး လက်မရွံလူသတ်သမားတွေအဖြစ် လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ လူငယ် ၁၂ ယောက်ထဲမှာ "ရှောက်လီ" နဲ့ "ဟူကျန်းစု" တို့ဟာ အထူးချွန်ဆုံးဖြစ်ကြသလို ညီအစ်ကိုရင်းသဖွယ် ချစ်ခင်ကြသူတွေလည်း ဖြစ်ပါတယ်။
အားလုံးထဲမှာ အထူးချွန်ဆုံးနဲ့ ဉာဏ်အကောင်းဆုံးဖြစ်သူ "ရှောက်လီ" ဟာ သူ့ရဲ့ နောက်ဆုံးတာဝန် ၃ ခုမှာ မအောင်မမြင်ဖြစ်ခဲ့ရတဲ့အပြင် သတင်းပေါက်ကြားမှုတွေကြောင့် အသက်လုထွက်ပြေးခဲ့ရပြီးနောက် မွေးစားဖခင်လည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ "စန်ကျုံးယင်" အပေါ် သံသယဖြစ်စရာတွေ တွေ့ရှိလာခဲ့ပါတယ်။
"မန်ချူး" နိုင်ငံ၊ "တိဗက်" နိုင်ငံ၊ "တာလီ" နိုင်ငံနဲ့ "တရုတ်" နိုင်ငံအကြားမှာ သူ့ဘက် ကိုယ့်ဘက် အပြန်အလှန် သူလျှိတွေ ရှုပ်ထွေးနေတဲ့အတွက် ဘယ်သူ့ကိုမှ မယုံကြည်တော့တဲ့ "ရှောက်လီ" ဟာ နောက်ကနေ တကောက်ကောက်လိုက်သတ်နေတဲ့ လက်မရွှသိုင်းသမားတွေရဲ့ အန္တရာယ်ကို တိမ်းရှောင်နိုင်ခဲ့ပေမယ့် "စန်ကျုံးယင်" က "ဟူကျန်းစု" ကို အသုံးချပြီး "ရှောက်လီ" ကို အပြတ်ရှင်းဖို ကြံစည်တဲ့အခါမှာတော့ ထောင်ချောက်ထဲတိုးဝင်မိလုနီးပါး ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် "ရှောက်လီ" နဲ့ "ဟူကျန်းစု" တို့ဟာ သူတို့ကို အပြတ်ရှင်းဖို့ အကွက်ချကြံစည်နေသူဟာ သူတို့ရဲ့ မွေးစားဖခင် "စန်ကျုံးယင်" မှန်း တိတိကျကျ သိလာခဲ့ကြပေမယ့် ဘာကြောင့် ဒီလိုကြံစည်မှန်းမသိဘဲ ဘေးလွတ်ရာ ပြေးနေကြရချိန်မှာ "တာ့လီ" နိုင်ငံက သူလျှိုတပ်မှူး "ကျင်းစုကို့" ရဲ့ အကူအညီနဲ့ "စန်ကျုံးယင်" ရဲ့ နောက်ကြောင်းရာဇဝင်ကို အဆင့်ဆင့် စုံစမ်း သိလာရတဲ့အခါ ... ။
📚 ၃ အုပ်တွဲ