ရန်သူတွေလက်က ထွက်ပြေးလာတဲ့ "တာ့လီပြည်" မင်းသားလေး "တွမ်ယိ" ဟာ အဆိပ်တောအုပ်ထဲ ဖြတ်ပြေးရင်း "အဆိပ်ကင်း" နဲ့ "အဆိပ်ဖား" ကို စားမိသွားခဲ့တဲ့အတွက် ထူးဆန်းတဲ့စွမ်းအားတွေ ရရှိလာသလို "နတ်သမီးရုပ်တုလိုဏ်ဂူကြီး" ထဲက "လွင်ပေါ် ခြေကွက်ချန်သိုင်းကျမ်း" ကို ကံကောင်းထောက်မစွာ ရရှိခဲ့ပြီး နောက်ဆုံးမှာ "မိုးနဂါးကျောင်းတော်ကြီး" ကို ရောက်ရှိ ခိုလှုံခဲ့ပါတယ်။
ဒါပေမဲ့ "မိုးနဂါးကျောင်းတော်ကြီး" ကိုလည်း တာ့လီသခင် "ကွမ်ကျင့်ရီ" ဦးဆောင်တဲ့ ရန်သူတွေ ရောက်ရှိလာခဲ့တဲ့အတွက် "မိုးနဂါးကျောင်း" ရဲ့ ရတနာတစ်ပါးဖြစ်တဲ့ "ဝရဇိန်ခြောက်သွယ်သိုင်းကျမ်း" ကို မီးရှို့ဖျက်ဆီးကာ ထွက်ပြေးခဲ့ရပြန်ပါတယ်။
အဲဒီလိုထွက်ပြေးရင်း "တွမ်ယိ" ဟာ သိုင်းဘုရင်ရူး ရူးနေတဲ့ "မုယုံဝါ" ရဲ့ နေအိမ်ခြံဝန်းထဲ ရောက်ရှိသွားခဲ့တာကြောင့် "ဝရဇိန်ခြောက်သွယ်သိုင်းပညာ" ကို လိုချင်နေတဲ့ "မုယုံဝါ" က ညီမဖြစ်သူ "ဝမ်မင်းသမီး" ကိုအသုံးချပြီး "တွမ်ယိ" ကို ချုပ်ကိုင်ခဲ့ပါတယ်။
"တွမ်ယိ" ကလည်း သူရောက်ခဲ့တဲ့ လိုဏ်ဂူထဲက နတ်သမီးရုပ်တုနဲ့ တစ်ထပ်တည်း တူညီနေတဲ့ "ဝမ်မင်းသမီး" ကို အရူးအမူးစွဲလမ်းမိခဲ့ပေမယ့် "ဝရဇိန်ခြောက်သွယ်သိုင်းကွက်" ကိုတော့ "မုယုံဝါ" ကို မပေးဘဲ နတ်မိမယ်လေးအလား ချောမောသူ "ဝမ်မင်းသမီး" ရဲ့အကူအညီနဲ့ ထွက်ပြေးခဲ့ပါတယ်။
အဲဒီနောက် ဂိုဏ်းအတွင်း သစ္စာဖောက် အာဏာလုမှုတွေကြောင့် ဂိုဏ်းကိုစွန့်ခွာလာတဲ့ "ပျံကျဂိုဏ်းချုပ်" သံမဏိလက်ဝါး "ချောင်ဖုန်း"၊ မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ ရှောင်လင်သိုင်းသမား "လိပ်ကြူး" နဲ့ မင်းသားလေး "တွမ်ယိ" တို့ ဆုံတွေ့ကြပြီး မိတ်ဆွေရင်းချာတွေအဖြစ် တာ့လီသခင် "ကွမ်ကျင့်ရီ" ကို ရင်ဆိုင်ကြတဲ့အခါ ... ။
("ရဲဝင်းအောင်" ရဲ့ "ဝရဇိန်ခြောက်သွယ် သိုင်းပင်လယ်" ဟာ စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ "Demi-Gods and Semi-Devils" ဝတ္ထုရှည်ကြီးကို အခန်းတချို့သာ ကောက်နုတ်ပြန်ဆိုထားတာ ဖြစ်ပါတယ်။)
📚လုံးချင်း