လုရှောင်ဖုန့်စာစဥ်များ
စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်ကတော့ "ကုလုံ" ရဲ့ "လုရှောင်ဖုန့်စာစဥ်များ" ဖြစ်ပါတယ်။
စာရေးဆရာကြီး "ကုလုံ" (Gu Long) ရေးသားခဲ့တဲ့ "လုရှောင်ဖုန့် စာစဥ်တွဲ" (Lu Xiaofeng Series) မှာ စုစုပေါင်း စာအုပ် ၇ အုပ် ရှိပါတယ်။
မြန်မာဘာသာပြန် သိုင်းစာစဥ်တွေအနေနဲ့တော့ စာအုပ် ၁၄ အုပ် (အနည်းဆုံး) ရှိပြီး "တက္ကသိုလ်နေလင်းအောင်"၊ "မိုးကျော်သူ"၊ "မောင်နှင်းဆွေ"၊ "အောင်နှင်းဆွေ"၊ "ဇာနည်ဘွား" နဲ့ "နန္ဒကျော်သူ" တို့က ဘာသာပြန်ဆိုခဲ့ကြပါတယ်။ အဲဒီအထဲမှာ တချို့စာစဥ်တွေက ဇာတ်လမ်းတူစာစဥ်တွေ ဖြစ်ပြီး တချို့စာစဥ်တွေကတော့ ဘာသာပြန်မဟုတ်ပါဘူး။
"လုရှောင်ဖုန့် စာစဥ်တွဲ" တွေဟာ ၁၉၇၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကား ၇ ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲ ၆ တွဲ ထွက်ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ၂၀၀၇ ခုနှစ်ထွက် The Legend of Lu Xiaofeng - TV Series နဲ့ ၂၀၁၅ ခုနှစ်ထွက် Detectives and Doctors - TV Series ကတော့ လူသိအများဆုံးဖြစ်ပါတယ်။
The Legend of Lu Xiaofeng (၂၀၀၇) ရုပ်သံဇာတ်လမ်းတွဲမှာ မတူညီတဲ့ ဇာတ်လမ်း ၁၀ ပုဒ် ပါဝင်ပြီး ဇာတ်လမ်း တစ်ပုဒ်စီကို အပိုင်း ၂ ပိုင်းနှုန်းနဲ့ စုစုပေါင်း အပိုင်း ၂၀ ပါဝင်ပါတယ်။ အဲဒီ ဇာတ်လမ်း ၁၀ ပုဒ်မှာ ၇ ပုဒ်က စာရေးဆရာကြီး "ကုလုံ" ရဲ့ လက်ရာဖြစ်ပြီး ၃ ခုကတော့ ဇာတ်ညွှန်းဆရာတွေက ဖြည့်စွက်ရေးသားခဲ့တာ ဖြစ်ပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
▪️လုရှောင်ဖုန်းနှင့် ပန်းထိုးလျှို့ဝှက်သိုင်းရာဇာ
▪️အကောင်းဆုံးသိုင်းသမား၏ အဆုံးစွန်မေတ္တာ
▪️သိန်း ၁၀၀ နှင့် သိုင်းသမား ၆၀
▪️မျက်ခုံးလေးခုနှင့် ဝတ်ရုံနီသခင်မ
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️The Prequel
▪️The Embroidery Bandit
▪️Before and After the Duel
▪️The Silver Hook Gambling House
▪️Phantoms Mountain Manor
▪️The Phoenix Dances in the Nine Heavens
▪️Laughter of the God of Sword
▪️Legend of Iron Shoe
▪️The Kingdom of the Golden Bird
▪️Mystery of the Blood Garment
▪️သိုင်းရာဇဝင်ထဲက လုရှောင်ဖုန်း
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်