တချို့ သိုင်းစာအုပ်တွေထဲမှာ ကဗျာလေးတွေ ပါဝင်တတ်ပါတယ်။ အများအားဖြင့် ရှေးအစောပိုင်းကာလက ထွက်ခဲ့တဲ့ စာအုပ်တွေပါ။
သိုင်းဇာတ်လမ်းတွေကိုတောင် ဖတ်ရင်းမေ့နေတဲ့အချိန်မှာ သိုင်းစာအုပ်ထဲမှာပါတဲ့ ကဗျာလေးတွေတိုင်းကို မှတ်မိနေဖို့က မလွယ်တော့ပါဘူး။
ဒါပေမဲ့ တချို့ကဗျာလေးတွေကိုတော့ တစ်ပိုင်းတစ်စပဲဖြစ်ဖြစ် တခုတ်တရ မှတ်မိနေတတ်ကြပါသေးတယ်။
ဒါကြောင့် အဲဒီလိုမျိုး ကဗျာလေးတွေပါတဲ့ သိုင်းစာအုပ်တွေကို ရနိုင်သမျှ စုစည်းပေးထားပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
"ဆီးနှင်းပြည့်တဲ့ လပြည့်ဝန်း
ပြတင်းပေါင်ပေါ်ငွေရည်ရွှန်း
ရင်တွင်းတမ်းတ လွမ်းစိတ်ဖြာ
ကျနော့်ဌာနီ ဘယ်ဆီမှာ"
"ရှေ့ဖက် ထိပ်သီး၊
နောက်မြီး လူကျော်၊
တောင်သော် လင်းထင်၊
မြောက်ပြင် မြတ်ထွား၊
စံတင်ထား - အလယ် ဦးဩ ဖွား။"
"ရှေ့ဖက် ထိပ်သီး၊
နောက်မြီး မျှော်မြင်၊
တောင်သော် ကုမာရ၊
မြောက်ပြင် မျိုးချစ်
တဖုံသစ် - အလယ် အေးပျော် ဖြစ်။"
"ညအခါ ကောင်းကင်အလှ
ကြယ်ကလေးများနဲ့ လပါမှ
နေ့အခါ မြေပြင်အလှ
တောတောင်ရေမြေ သဘာဝ
နေ့နေ့ညည လှတာက
မနောဖြူတဲ့ မောင့်ချစ်နှမ"
"နဂါးနိုင်ဓား ဦးထိပ်ထား၊
ဖူးမျှော်ကန်တော့ ရှိခိုးသော်၊
တိမ်လွှာဓားရှင် မပေါ်လျှင်၊
မည်သူမမှု ယှဉ်မတုနိုင်"
"အို တိမ်လွှာ
သင်မည်သည့်အရပ်သို လွင့်ပါးမည်နည်း။
ကျွန်ုပ်၏ချစ်သူရှိရာသို ရောက်မည်ဆိုလျှင်
ကျွန်ုပ်၏သောကကို ပြောပြပါလေ။
အို မိုးစွေငှက်ငယ်
သင်မည်သည့်အရပ်သို ပျံသန်းမည်နည်း။
ကျွန်ုပ်၏ချစ်သူရှိရာသို ရောက်မည်ဆိုလျှင်
ကျွန်ုပ်၏သောကကို ပြောပြပါလေ။
အို လေညင်း
သင်မည်သည့်အရပ်သို တိုက်ခတ်မည်နည်း။
ကျွန်ုပ်၏ချစ်သူရှိရာသို ရောက်မည်ဆိုလျှင်
ကျွန်ုပ်၏သောကကို ပြောပြပါလေ။
တိမ်လွှာလည်း မမြင်
မိုးစွေငှက်ငယ်လည်း မရှိ
လေညင်းလည်း မတိုက်ခတ်သောအခါ
ကျွန်ုပ်၏သောကသည်
ကျွန်ုပ်ကိုသာ လောင်မြိုက်ချေတကား"
"လေရူး တသုန်သုန်
ချွေဝူရေကန်မှာ သူရဲကောင်း ဒုက္ခတွေ့
ဓါးကျိုးသွားတဲ့အဖြစ်မျိုး ရောက်ရရှာ"
"အရက်ဟာ
သောကကို ကင်းဝေးစေတယ်။
လူ့ဘဝဟာ
အိပ်မက်မက်သလိုပဲ။
ကျုပ်ကို လူကောင်းပဲ ပြောပြော
လူဆိုးပဲ ဆိုဆို
အနောက်လေ တိုက်ခတ်လို့
လွင့်သွားတဲ့ တိမ်တွေလို
ကျုပ်က ဂရုမစိုက်ပါ"
"တောင်များ၊ မြစ်များသည်
တည်ငြိမ်သော ရေကန်နှင့်
မှုန်ဝါးသော နှင်းများကြား၌
ကျန်နေရစ်ခဲ့ကြသည်။
မြင့်မြတ်သော လမ်းစဥ်သည်ကား
စစ်တုရင်ကစားပွဲ တစ်ခုပမာသာ ဖြစ်လေသည်"
"ငြိမ်သက်နေတဲ့
ရှက်ရွံ့ခြင်းကလေးရယ်
နှင်းမဖုံးသေးပေမယ့်
ကြီးမားတဲ့ အမုန်းခွန်အားရယ်
ဘယ်တော့များမှ ပျောက်မှာလဲ၊
ပျော်စရာ တောင်ပေါ်မှာ စားစရာနဲ့ အရက်"
"ပန်းသခင်မ
အလှမာန်ဝင့် သိုင်းဟန်တင့်
သခင့်ရင်ခွင် နားမည့်ပြင်
ကြင်သူခြွေဆင့် ပန်းကြွေလွင့်ပြီ"