ဇာတ်မြှုပ်နေခဲ့တဲ့ သိုင်းလောက လူမိုက်ကြီး ၈ ယောက်ဟာ "ဝိညာဥ်ခြွေသိုင်းကျမ်း" ရဲ့ သဲလွန်စကို ရပြီး သိုင်းလောကထဲ ပြန်လည်ထွက်ပေါ်လာတာကြောင့် မကောင်းသူတွေလက်ထဲ သိုင်းကျမ်းရောက်ရှိသွားမှာကို စိုးရိမ်တဲ့ လူထူးဆန်း "ချားအိမိန်" က တပည့်ဖြစ်သူ ကျောက်စိမ်းပုလွေ "ယိမိုကွမ်း" ကို သိုင်းကျမ်းကို ရှာဖွေဖျက်ဆီးဖို့ စေခိုင်းခဲ့ပါတယ်။
ဒါကြောင့် "ယိမိုကွမ်း" တစ်ယောက် သိုင်းလောကထဲဆင်းလာစဥ် သူ့ကိုချစ်နေတဲ့ မြွေကင်းမြီးကောက် အလှမယ် "လင်ကူးချူး" နဲ့ တပည့် နှစ်ယောက်ဖြစ်တဲ့ "နီရှောင်ချင်း" နဲ့ "ရဲရှောင်ဟုန်" တိုက ဝိုင်းဝန်းကူညီခဲ့ပါတယ်။
"ယိမိုကွမ်း" ကတော့ သူ့ရဲ့ချစ်သူ အနီရောင်မင်းသမီး "ဆွေလင်းရီ" ရှိနေတဲ့အတွက် "လင်ကူးချူး" ကို မိတ်ဆွေလိုပဲ သဘောထားခဲ့ပြီး သူ့ရဲ့ချစ်သူ "ဆွေလင်းရီ" က "ပျောက်ဆုံးနေတဲ့ခြံဝန်း" ပိုင်ရှင် "စီးကွမ်းဖိန်" ရဲ့ ဒုတိယဇနီး ဖြစ်သွားတဲ့အခါ စိတ်ဓါတ်ကျဆင်းသွားခဲ့ပါတယ်။
အဲဒီနောက် လူမိုက်ကြီး ၈ ယောက်မှာ အပါအဝင်ဖြစ်ပေမယ့် ဒုစရိုက်လောကကို စွန့်ခွာလိုသူ မာယာရှင် "ရင်စုမေ" နဲ့ လက်ထပ်ကာ "အေးစိမ့်တောင်ကြား" မှာ သွားရောက် နေထိုင်ခဲ့တာကြောင့် မြွေကင်းမြီးကောက် အလှမယ် "လင်ကူးချူး" နဲ့ မာယာရှင် "ရင်စုမေ" တို့ဟာ ဘက်မတူတဲ့ ရန်သူတွေဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ သိုင်းလောကအရေးနဲ့ အချစ်ရေး မရောထွေးစေလိုတဲ့ လူထူးဆန်း "ချားအိမိန်" က သူ့တပည့်ကို ပြန်လည်ခေါ်ဆောင်ပြီး "ဝါးအေးကွင်းပြင်" မှာ အနားယူ ဇာတ်မြှုပ်နေထိုင် စေခဲ့ပါတယ်။
"လင်ကူးချူး" နဲ့ "ရင်စုမေ" တို့ဟာ "ယိမိုကွမ်း" ကို လိုက်ရှာရင်း နောက်ပိုင်းမှာ အချင်းချင်း နားလည်မှုရသွားကြပြီး "ယိမိုကွမ်း"၊ "ချားအိမိန်" အပါအဝင် အဖြူရောင်ဘက်တော်သားတွေနဲ့အတူ သိုင်းလောကသားတွေကို "ဝိညာဥ်ခြွေသိုင်းကျမ်း" နဲ့ မျှားပြီး အချင်းချင်းတိုက်ခိုက်သေကြေစေတဲ့ နောက်ကွယ်က လူယုတ်မာကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါ ... ။
📚 ၄ အုပ်တွဲ