သိုင်းစာစဥ်တွေအထဲမှာ စုံထောက်ဆန်ဆန် စွန့်စားခန်းဝတ္တုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သိုင်းလောကသားတွေလည်း ရှိကြမှာပါ။
အဲဒီလို သိုင်းလောကသားတွေအတွက်တော့ "လုရှောင်ဖုန့်"၊ "လုံဆင်ပိ"၊ "ဆင့်ဆင့်အိ"၊ "လုယိ"၊ "ချူလျှူရှမ်း"၊ "ကိုးရွှင်"၊ "ရဲ့ယိ"၊ "ယန်ကြူးထိုက်" စတဲ့ ဇာတ်လိုက်ကျော်တွေပါဝင်တဲ့ သိုင်းစုံထောက် ဆန်ဆန် ဇာတ်လမ်းတွေက စိတ်ဝင်စားစရာပါ။
သိုင်းစုံထောက်ဇာတ်လမ်းတွေဟာ အများအားဖြင့် ခပ်တိုတိုပဲ ရှိတတ်ပြီး ပင်တိုင်ဇာတ်ကောင်တွေနဲ့ ဖန်တီးရေးသားထားပါတယ်။
အဲဒီ ဇာတ်လိုက်ကျော်တွေအထဲက အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။