အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
ပိုးစုန်းကြူးလေးတွေ ခြံရံပြီး လူသတ်လေ့ရှိတဲ့ ကြေးစားလူသတ်သမား "ကျောက်စိမ်း" ဟာ သိုင်းလောကမှာ ထိပ်တန်းသိုင်းသမား များစွာကို လုပ်ကြံသတ်ဖြတ်ခဲ့သူဖြစ်တာကြောင့် နာမည်ကျော်ကြားနေချိန်မှာပဲ ပဟေဠိဆန်ဆန် သိုင်းလောကထဲက ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
အဲဒီအချိန်မှာ နာမည်ကျော် သိုင်းသမား "ဆင့်ဆင့်အိ" ဟာ အဆိပ်မိနေတဲ့ မိတ်ဆွေ "ကုန်းစွန်းပေ့" ကိုကယ်တင် ကုသနိုင်ဖို့အတွက် "ကုန်းစွန်းပေ့" ရဲ့ လမ်းညွှန်ချက်အတိုင်း အလွန်ထူးဆန်းတဲ့ "တုကျားကျေးရွာ" ကို ရောက်ရှိလာခဲ့ပါတယ်။
တကယ်တော့ "ကုန်းစွန်းပေ့" ဟာ "ကျောက်စိမ်း" ကို မြင်တွေ့ဖူးတဲ့ ရှားရှားပါးပါး သိုင်းသမားတစ်ဦးဖြစ်ပြီး "ကျောက်စိမ်း" ကို ချစ်ခင်စွဲလမ်းမိတာကြောင့် "ကျောက်စိမ်း" နေထိုင်ရာ "တုကျားကျေးရွာ" ကို ရောက်ရှိအောင် တမင် ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။
"ကုန်းစွန်းပေ့" ရဲ့ အဆိပ်ကို "တုကျားကျေး" ရွာ ပိုင်ရှင် အဖွားအို "တုဆပ်" က ကုသပေးခဲ့တာကြောင့် အသက်ရှင်ခဲ့ပေမယ့် သူရှာဖွေနေတဲ့ မိန်းကလေး "ကျောက်စိမ်း" က တော့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သေဆုံးသွားပြီလို့ သိလိုက်ရတဲ့အတွက် "ကုန်းစွန်းပေ့" ဟာ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။
ဒီလိုနဲ့ "ဆင့်ဆင့်အိ" နဲ့ "ကုန်းစွန်းပေ့" တို့ဟာ အလွန်ထူးဆန်းတဲ့ "တုကျားကျေးရွာ" မှာနေထိုင်ရင်း ပိုးစုန်းကြူးလေးတွေ ခြံရံထားတဲ့ "ကျောက်စိမ်း" ကို မကြာခဏ မြင်တွေ့ကြရတဲ့အတွက် "ကျောက်စိမ်း" သေ၊ မသေ လျှို့ဝှက်စုံစမ်းကြရာမှာတော့ "တုကျားကျေးရွာ" ရဲ့ သံသယဖြစ်ဖွယ် အတွင်းရေး အရှုပ်အထွေးတွေကို တွေ့ရှိလာခဲ့ကြပါတယ်။
မကြာခင်မှာတော့ "တုကျားကျေး" ရွာ ပိုင်ရှင် အဖွားအို "တုဆပ်" ဟာ "ကျောက်စိမ်း" လို့ သူတို့ယူဆနေကြတဲ့ ထူးဆန်းတဲ့မိန်းကလေးရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပြီး အဖွားအို "တုဆပ်" ရဲ့ တပည့်မလေးတွေဖြစ်တဲ့ "နီလာ"၊ "ပုလဲ" တို့အပြင် "ကုန်းစွန်းပေ့" ပါ သေဆုံးသွားတဲ့အခါ ... ။
📚၄ အုပ်တွဲ